Top Ad unit 728 × 90

Description of Image

latest News

recent

Sony Xperia Z3 ဖုန်းအတွက် Android 5.0.2 Lollipop Root လုပ်နည်း


Sony Xperia Z3 ဖုန်းအတွက် Android 5.0.2 Lollipop Root လုပ်နည်းကို
Xperial Z3 ဘော်ဒါများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader Unlock အရင်
ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်၊ ပြီးရင် pre-rooted ဖိုင်ကို SD Card သို့
ကူးထည့်ပြီး Recovery Mode ကနေ Flash ပေးပြီး Root ဖောက်ရမှာပါ။


 လိုအပ်ချက်များ
=========
ဖုန်းမှာ အနည်းဆုံး battery အား 60% လောက်ရှိနေရပါမယ်

ဖုန်းကို backup တစ်ခုပြုလုပ်ထားဖို့ကို လုံးဝမမေ့ပါနဲ့

မိမိဖုန်းရဲ့ ဗားရှင်းက Android 5.0.2 lollipop ဖြစ်နေရပါမယ်။

ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမယ်

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ

ဖေါ်ပြပါ Root လုပ်နည်းသည် Sony Xperia Z3 model number D6603 အတွက်
သီးသန့်ဖြစ်ပြီး Stock Rom Android 5.0.2 lollipop အတွက်ပဲဖြစ်ပါတယ်။






How to Root Xperia Z3 
=================
Root လုပ်ရန်အတွက် လိုအပ်တာများကိုဒေါင်းလော့ရယူပြီး
ကွန်ပျူတာတွင် Driver အဆင်ပြေအောင် ထည့်သွင်းထားပါ

Pre-rooted ဖိုင်ကို Zip လုံးဝမဖြည်ပါနဲ့ SD Card သို့ကူးထည့်လိုက်ပါပြီး
ဖုန်းသို့ပြီး ဖုန်းကို ပါဝါပိတ်၊ Recovery Mode သို့ဝင်ပေရပါမယ်၊

ဖုန်းကို ပါဝါပိတ်ပြီး Volume Up or Volume Down တစ်ခုခုကိုနှိပ်ပါ
ပြီးရင် “install zip from SD card” နဲ့ “choose zip from SD card” ဆိုပြီး
တစ်ချက်ချင်းနှိပ်ပြီးသွားလိုက်ပါ၊ ပြီးရင် Pre-rooted zip ဖိုင်ကို Flash ပေးပါ။

Root process တစ်ခုပြီးသွားတဲ့အခါ “wipe cache partition” နဲ့
“wipe Dalvik cache” များကို ရှင်းထုတ်ပေးလိုက်ပါ၊ ပြီးရင် ဖုန်းကို
“reboot system now” ဆိုတာကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
ပြန်တက်လာရင်တော့ သင့်ဖုန်းမှာ Root access ရရှိနေပါလိမ့်မယ်
RootChecker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Sony Xperia Z3 ဖုန်းအတွက် Android 5.0.2 Lollipop Root လုပ်နည်း Reviewed by ဇူးနစ် on 7:48 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.