အင်တာနက်ဖွင့်ပြီး FB & COC စသည်များ အသုံပြုနေတဲ့အချိန် viber ကို ပိတ်ထားနည်း
အင်တာနက်ဖွင့်ပြီး FB & COC စသည်များ အသုံပြုနေတဲ့အချိန် viber ကို ပိတ်ထားနည်းကို
တောင်းဆိုထားတဲ့ညီအကိုအတွက် ရှာကြံပြီးတင်ပေးလိုက်ပါတယ်။
ချစ်စရာနာမည်လေးနဲ့ Viber လေးကတော့ အားလုံးရင်ဘတ်ထဲ အသည်းစွဲနေပါပြီ
Chating တွေထဲ လူကြိုက်အများဆုံး "ကွီး & ခေး" တို့ အကြိုက်ဆုံးတစ်ခုပေါ့
နှစ်ယောက်သား စကားပြောကောင်းနေတုန်း Viber Message အသံက နားထောင်
ကောင်းပေမယ့် သူမသိအောင် FB လေး COC လေးခန ကြည့်ချင် ကစားချင်တာနဲ့
လိုင်းပေါ်တက်လိုက်ရင် တန်းစီပြီးတက်လာတဲ့ Hi ခေါ်သံနဲ့ အချစ်ရယ် မောင်ရယ်
ခေါ်သံတွေက ဖီးအရမ်းငုတ်တယ်ဗျာ ဒီတော့ Viber လေးကို တစ်ဖက်သူမသိအောင်
ခနလေးပိတ်ထားပြီး FB နဲ့ COC ကို အမူးဆွဲပစ်လိုက်မယ် ဘယ်လိုလဲ...?
Viber က offline အလုပ်မလုပ်ပါ
===================
Viber ကိုအသုံးပြုဖူးသူတိုင်း သတိထားမိကြမှာပါ Viber ကို Offline အသုံးပြုလို့
ရတဲ့ ဆော့ဝဲအမျိုးအစားမဟုတ်ဘူးဆိုတာကို၊ မသုံးတော့ဘူးလို့ Exit ဖြင့် ဘယ်
လောက်ပဲ ထွက်ထွက် ဖုန်းမှာ လိုင်းဖွင့်ထားရင်တော့ Online လို့ပဲ ဘက်ကရောင်း
အနေဖြင့် တစ်ဖက်သားကို မြင်နေရအောင် ဖေါ်ပြပေးနေပါလိမ့်မယ်။
Viber ကိုအသုံးပြုနေကြတဲ့ User များအတွက် ကောင်းကျိုးရှိသလို
ဆိုးကျိုးလို့မပြောသာပေမယ် အောက်ပါ နှစ်ချက်ကိုတော့ လူတိုင်းကြုံနေကြတာပါပဲ
၁။ လူမသိအောင် အသာလေး FB ကိုပြေးတက်တဲ့အခါ နံဘေးနား ဘော်ဒါတွေစုံပြီး
လေတိုက်ကောင်းနေတဲ့အချိန် မသိစေချင်တဲ့သူ မမြင်စေချင်တဲ့သူတွေအနား
စကားစမြည်ပြောကောင်းနေတဲ့အချိန်တွေမှာ တစ်ယောက်ယောက်က စာပို့လာခဲ့ရင်
အသံလည်း တိုးထားမိရင်တော့ အခန့်မသင့်ရင် ဖုန်းကို အဲဒီအသံတွေကြောင့်
နံရံကိုကြည့်ပြီး ရှိသမျှအားနဲ့ ၀ှုန်းပစ်လိုက်ချင်စိတ်ပေါ်နိုင်ပါတယ်။
၂။ Viber ကို Offline အသုံးပြုလို့မရတာကြောင့် အရင်တုန်းကမှ ဖုန်းအားက
ထိုးကျနေပါတယ်ဆိုနေမှာ Viber က 11% of battery အားကို ဆွဲစီးနေတော့
FB & COC အတွက် အကောင်းဆုံးအနှောက်အယှက်တစ်ခုဖြစ်ပါတယ်။
Viber ကိုခနတာ ပိတ်ထားမယ်
=================
Viber ကို ခနတာ ပိတ်ထားချင်တယ်ဆိုရင်တော့
အောက်ပါပုံတွေအတိုင်း ပြုလုပ်ပေးလိုက်ပါ
1. Apps ? Settings ? More ? Application Manager
ဆိုပြီး တစ်ဆင့်ချင်းသွားလိုက်ပါ။
Downloaded ? Viber ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ
2. အောက်ပါပုံအတိုင်း PFORCE STOP နေရာကို နှိပ်ပါ
ပြီးရင် OK ဆိုတာကို နှိပ်ပေးလိုက်ပါ။
Remark : ဖေါ်ပြနည်းလမ်းသည် Viber ကိုအသုံးပြုပြီးတိုင်း
ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
သမားရိုးကျ နည်းလမ်း
============
သမားရိုးကျ နည်းလမ်းအတိုင်း ပြုလုပ်ချင်တယ်ဆိုရင်တော့
Viber app မှ Clear data ဆိုပြီး ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
၁။ Clear Data ပြုလုပ်နည်း
ဒီနည်းလမ်းကတော့ တစ်ခါတစ်လေ Clear data ပြုလုပ်လိုက်ရင်
အချို့သော App တွေက Log out ဖြစ်တတ်တာမို့ တကယ်လို့ Viber က
Messager တို့လို့ အသစ်ပြန်လည် Log in ပြုလုပ်ခိုင်းရင်တော့ သိတဲ့
အတိုင်းပဲ ပြန်လည်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်။
၂. Deactivate (ပိတ်ထား)ပြုလုပ်ထားနည်း
သမားရိုးကျ နည်းလမ်းအတိုင်း ပြုလုပ်ချင်တယ်ဆိုရင်တော့
Viber ကို Deactivate (ပိတ်ထား) လို့ရပါတယ်။
Viber ကိုဖွင့်လိုက်ပါ Menu ? Settings ? Privacy ဆိုပြီး
တစ်ဆင့်ချင်းနှိပ်ပြီးသွားလိုက်ပါ
၃။ Uninstall ပြုလုပ်နည်း
Uninstall ပြုလုပ်နည်းကတော့ အထူးပြောနေစရာမလိုလောက်တော့ဘူးထင်ပါတယ်
မလိုအပ်တော့မှ ဖျက်တာနော် အသုံးပြုဖို့လိုအပ်နေတဲ့ Viber လေးကို မှားဖျက်မိရင်တော့
တေပြီဆရာပဲ...?
ကဲအခုလောက်ဆိုရင်တော့ အင်တာနက်ဖွင့်ပြီး FB & COC စသည်များ
အသုံပြုနေတဲ့အချိန် viber ကို ပိတ်ထားနည်းကိုသိပြီဆိုရင်တော့
"ခေး" လေးကို မသိခင် FB & COC တွေကို အမူးသာ ကဲလိုက်ပေတော့ဗျာ..
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
အင်တာနက်ဖွင့်ပြီး FB & COC စသည်များ အသုံပြုနေတဲ့အချိန် viber ကို ပိတ်ထားနည်း
Reviewed by ဇူးနစ်
on
8:31 PM
Rating:

ဒါကလူတိုင်းလုပ်တတ်နေတာပဲလေ
ReplyDeleteဒါကလူတိုင်းလုပ်တတ်နေတာပဲလေ
ReplyDelete