Top Ad unit 728 × 90

Description of Image

latest News

recent

Lenovo VIBE SHOT Smartphone ဖုန်းကို Root လုပ်နည်း


Lenovo VIBE SHOT Smartphone ဖုန်းကို Root လုပ်နည်းကို
တောင်းဆိုထားတဲ့ညီအကိုအတွက် တင်ပေးလိုက်ပါပြီခင်ဗျား

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ နာမည်အဆန်းလေးနဲ့ Eroot Tool ဖြင့်
ကွန်ပျူတာကနေ One Click ဖြင့် Root ဖောက်ယူရမှာပဲဖြစ်ပါတယ်။


ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ထားခြင်းတော့မဟုတ်ပါ
ညီအကိုအတွက်လိုက်ရှာရင်းနဲ့ နိုင်ငံခြားဆိုက်တွင် တွေ့မလို့ 
Root Tool နဲ့ Root ပြုလုပ်နည်းကို ညွှန်းပေးလိုက်ခြင်းဖြစ်ပါတယ်။

One Click Root Tool ဖြစ်တဲ့အတွက် ညီအကိုအတွက် အချိန်ကုန်
လူပမ်းသက်သာစေနိုင်မှာဖြစ်ပါတယ်၊ ဒါပေမယ့် ကွန်ပျူတာလိုပါတယ်။

ငြင်းဆိုချက်
=======
ဖေါ်ပြပါ Root လုပ်နည်းသည် Lenovo VIBE SHOT ဖုန်းအတွက်ပဲဖြစ်ပါတယ်
တကယ်လို့ Root ပြုလုပ်ခြင်းဖြင့် တစ်စုံတစ်ခု Soft brick စသည် ပျက်စီးသွားပါက
လုံးဝတာဝန်မယူနိုင်ပါတ၊ အဆင်ပြေမှု မပြေမှုသည်ကား ပြုလုပ်သူရဲ့ 
OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။



OR



How to Root Lenovo VIBE SHOT
=====================
၁။ ဖုန်းမှာ ဘက်ထရီအား 80% လောက်ရှိနေရပါမယ်

၂။ Root Tool ကိုဒေါင်းလော့ရယူပြီး ကွန်ပျူတာတွင် ထည့်သွင်းထားပါ

၃။ ဖုန်းတွင် USB Debugging on ပေးထားပြီး ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ

၎။ ကွန်ပျူတာက ဖုန်းကို သိပြီဆိုတာနဲ့ Tool မှ Root ဆိုတာကိုနှိပ်လိုက်ပါ


၅။ Rooting process တစ်ခုပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ

၆။ Root လုပ်ခြင်းပြီးဆုံးသွားပါက ဖုန်းကို Reboot ချပေးလိုက်ပါ

၇။ ပါဝါပွင့်ပြီးပြန်တက်လာပါက ဖုန်းမှာ Root access ရရှိနေပါလိမ့်မယ်
Root checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။



ဇူးနစ်(နည်းပညာ)





Lenovo VIBE SHOT Smartphone ဖုန်းကို Root လုပ်နည်း Reviewed by ဇူးနစ် on 7:02 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.