Top Ad unit 728 × 90

Description of Image

latest News

recent

Linux Mint Windows အတွက် bootable USB drive ဖန်တီးနည်း


Linux Mint Windows အတွက် bootable USB drive ဖန်တီးနည်းကို
ဆိုက်တစ်ခုမှာတွေ့မိလို့ အတတ်နိုင်ဆုံးဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်။

အရိုးသားဆုံးဝန်ခံရရင်တော့ ဒီလောကထဲ ခြေစုံပစ်ဝင်လာခဲ့တာ ကဗျာ
မဆန်တဲ့ တိုးဝင်လာမှုတစ်ခုပါပဲ အင်္ဂုလိမာလ လက်ညိုးဖြတ်သလို ဟိုနား
တစ်ချောင်း ဒီနားတစ်ချောင်းပဲ အားလုံးကို နားလည်းသလိုလိုနဲ့ ဘာမှနား
မလည် မတတ်ကျွမ်းသေးတာကို ရိုးသားစွာဖြင့် ၀န်ခံပါတယ်။

Windows တွင်လည်း ဒီ Linux ကိုမသုံးဘူးပါ ဒါကြောင့် ယခုဖေါ်ပြပါ
နည်းလမ်းသည် How to create bootable Linux Mint USB drive in Windows 
ကို ဘာသာပြန်ထားခြင်းသာဖြစ်ပါကြောင်း အထူးပြောကြားထားချင်ပါတယ်။

Windows တင်ယူနိုင်တဲ့ နည်းစနစ်တွေထဲမှာတော့ ပြမ်းမျှအားဖြင့်
Windows တစ်ခုတင်တော့မယ်ဆိုရင် CD or DVD ကနေတင်ယူတာ
Windows ကို USB bootable တစ်ခုဖန်တီးပြီး တင်ယူတာ စသည်ဖြင့်
လူအသုံးများနေကြတာကိုတွေ့ကြရမှာ်ပဲဖြစ်ပါတယ်။

ဒီလိုပါပဲ ပညာရှင်အများစုအကြိုက်တွေ့ကြတဲ့ Linux စနစ်မှာလည်း
Windows တစ်ခုတယ်ယူမယ်ဆိုရင် CD or DVD ကနေတင်ယူတာ
Windows ကို USB bootable တစ်ခုဖန်တီးပြီး တင်ယူနိုင်ပါတယ်။

ဒီနေရာမှာ CD or DVD ကနေတင်ယူခြင်းမျိုးက ဓာတ်ပြားဟောင်းလိုဖြစ်နေပါပြီ
သွားသွားလာလာ သယ်ဆောင်ယူလို့အဆင်ပြေလွန်းတဲ့ USB Windows စနစ်ကိုပဲ
လူကြိုက်များပြီး အသုံးတည့်နေတာမို့ ဟောင်းနွမ်းနေတဲ့ CD or DVD  မှ ၀င်းဒိုး
တင်ယူခြင်းနည်းကို လက်ပြတ်နှုတ်ဆက်ထားခဲ့လိုက်ချင်တယ်ဆိုရင်တော့
ယခုဖေါ်ပြနည်းလမ်းကို အထူးတလည်လေလာရမှာပဲဖြစ်ပါတယ်။


Introduction

ယခုဖေါ်ပြနည်းလမ်းသည် Linux Mint Windows အတွက် bootable USB drive
 ဖန်တီးနည်းကို step by step အဖြစ် ရှင်းပြသွားမှာပဲဖြစ်ပါတယ်။


1. Download Linux Mint
(ဒေါင်းလော့ရန်အတွက် Review Guide)

ပထမဆုံးအနေဖြင့် Linux Mint အတွက် official website မှ တိုက်ရုက်
ချပေးထားတဲ့ ISO file ကိုအရင်ဒေါင်းလော့ရယူထားရမှာပဲဖြစ်ပါတယ်။

ဒေါင်းလော့လင့်ထဲမှာတော့ new machine နဲ့ old machine ဆိုပြီး
options ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်၊ ဒီနေရာမှာ တကယ်လို့
new machine ကိုသာ up-to-date အနေဖြင့် ထည်သွင်းအသုံးပြု
ချင်တယ်ဆိုရင်တော့ ‘Cinnamon’ ဆိုတာကို နှိပ်ပြီးရွေးချယ်ပေးရမှာဖြစ်ပါတယ်။

မိမိ၏ Widows Info အရ 64-bit/32-bit စသည်ဖြင့် ထပ်မံရွေးချယ်ပြီး
ဒေါင်းလော့ရယူရမှာလည်းဖြစ်ပါတယ်၊ မိမိကွန်ပျူတာအတွက် ‘Cinnamon’ သာ
အဆင်မပြေခဲ့ဘူးဆိုရင်တော့ KDE version ကို ဆက်သွားရမှာပါ။

တကယ်လို့ older machine ကိုသာ အသုံးပြုချင်တယ်ဆိုရင်တော့ ‘MATE’ ကို
ကလစ်နှိပ်ပြီး ရွေးချယ်ရယူပါ၊ အထက်ဖေါ်ပြပါအတိုင်းပဲ မိမိ၏ Widows Info အရ
64-bit/32-bit စသည်ဖြင့် ထပ်မံရွေးချယ်ပြီးဒေါင်းလော့ရယူရမှာလည်းဖြစ်ပါတယ်။

မိမိကွန်ပျူတာအတွက် ဗားရှင်းအဟောင်း ‘MATE’ သာ အဆင်မပြေခဲ့ဘူးဆိုရင်တော့
XCEF version ကိုရွေးချယ်ပြီးဒေါင်းလော့ရယူရမှာပဲဖြစ်ပါတယ်။

အထက်ဖေါ်ပြပါ ‘Cinnamon’ နှင့် ‘MATE’ ကိုလည်းအကြိုက်မတွေ့ဘူး
မိမိကွန်ပျူတာနဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ OEM versions ကိုရွေးချယ်
ပြီးရယူရမှာပဲဖြစ်ပါတယ်။

မိမိကွန်ပျူတာအတွက် အဆင်ပြေမယ့် step များအတိုင်း စိတ်ကြိုက်ရွေးချယ်
ပြီးရင်တော့ download page ကိုရောက်သွားပြီး တစ်ခုခုကိုရွေးချယ်ပြီးဒေါင်းလော့ပါ။

ဒေါင်းလော့လင့်အတိုင်း Linux Mint ISO ဖိုင်ကို ဒေါင်းလော့ရယူနေတဲ့အခါ
 မိမိအင်တာနက်ဆွဲအားအပေါ်မူတည်ပြီး အနှေး အမြန်ဖြစ်နေပါလိမ့်မယ်။


2. Create a bootable USB drive 
(bootable USB drive တစ်ခုဖန်တီးခြင်း)

မိမိအတွက် သင့်တော်တဲ့ ISO file ကိုဒေါင်းလော့ရယူပြီးရင်တော့
Windows တစ်ခုဖြစ်လာဖို့ bootable USB drive တစ်ခုဖန်တီးရဦးမှာပါ။

ဒီအတွက် မိမိမှာ USB Drive တစ်ခုလိုအပ်မယ် အသစ်ဆိုပိုကောင်းပါတယ်
အဟောင်းဆိုရင်တော့ မလိုအပ်တော့တဲ့ data များကို Format ရိုက်ပေးပြီး
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ USB Drive ကိုကွန်ပျူတာသို့ထိုးလိုက်ပါ။

 bootable USB drive ဖန်တီးပေးနိုင်မယ့် Universal USB Installer
ကို အောက်ကလင့်မှာ ၀င်ရောက်ပြီး ဒေါင်းလော့ရယူပါ။



https://www.pendrivelinux.com


လိုအပ်မယ့် Universal USB Installer ကိုဒေါင်းလော့ပြီးရင် .exe file ကို ကွန်ပျူတာတွင်
Install ပြုလုပ်လိုက်ပါ၊ ပြီးရင် bootable drive တစ်ခုဖန်တီးဖို့ အသင့်ဖြစ်နေပါပြီ။

USB Installer ကိုဖွင့်လိုက်ပါပြီး အဆင့် သုံးခုအနေဖြင့်ရွေးချယ်ပေးရဦးမှာပါ
အောက်ပါပုံတွေကိုလေ့လာနိုင်သလို စာတွေနဲ့ယှဉ်ကြည့်လိုက်ပါ။

၁။ USB Installer မှ ပထမဆုံး Step တွင် Linux OS ဆိုတာကိုထားပါ

၂။ Step 2 နေရာတွင် Browse ဆိုတာကိုတစ်ချက်နှိပ်ပြီး မိမိဒေါင်းလော့
ရယူထားတဲ့ Linux Mint ISO file ကိုရွေးချယ်ပေးလိုက်ပါ။

၃။ Step 3 နေရာတွင် ကွန်ပျူတာတွင် ချိတ်ဆက်ထားတဲ့
မိမိ၏ USB Drive ကိုညွှန်ပေးရမှာပဲဖြစ်ပါတယ် E, F, G စသည်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ Create ဆိုတာကိုနှိပ်ပေးလိုက်ပါ


 Creating bootable USB ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ၊ တကယ်လို့
မိမိ၏ USB Drive ကို cleane ပြုလုပ်ဖို့ လိုတယ်ဆိုပြီး စာသားမျိုးပေါ်လာခဲ့ရင်တော့
ပျော်ပျော်ကြီး Yes ကိုနှိပ်လိုက်ပါ။

အောက်ပါပုံအတိုင်း Installation Complete option ရဲ့အောက်မှာ
Installation Don, Process is Complete ဆိုပြီး မြင်နေရရင်တော့
Linux Mint Windows အတွက် bootable USB drive ဖန်တီးနည်းလို့ပြီးပါပြီ
Close ဆိုတာကိုနှိပ်ပေးပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ။


ပါဝါပြန်တက်လာတဲ့အခါ  bootable USB drive ကို Linux Window တစ်ခုကို
တင်သုံးလိုတဲ့ကွန်ပျူတာတွင် boot option မှစိတ်ကြိုက်ရွေးချယ်တင်ယူနိုင်ပါပြီ။




Ref-https://dottech.org




အဆင်ပြေပါစေ



ဇူးနစ်(နည်းပညာ)


www.zunite.org


Linux Mint Windows အတွက် bootable USB drive ဖန်တီးနည်း Reviewed by ဇူးနစ် on 8:42 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.