Top Ad unit 728 × 90

Description of Image

latest News

recent

MacBook နှင့် MacBook Air ဘာတွေ ကွာခြားသလဲ


New MacBook သည် လှပရုံသာမက MacBook Air ကို အဆင့်မြှင့်ထားသည့် ဗားရှင်းလည်းဖြစ်သည်။
၎င်းတွင် feature နှင့် spec အချို့ကို အဆင့်မြှင့်ထားသော်လည်း port ကဲ့သို့သော အခြား feature များကိုမူ ဖယ်ရှားခဲ့သည်။

ထို့အတွက်ကြောင့် new MacBook တစ်လုံးကို ဝယ်ယူရန် စဉ်းစားနေသူများအတွက်
 MacBook Air နှင့် ကွာခြားချက်များကို နှိုင်းယှဉ်သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။


Ports

MacBook တွင် ၃.၅ မီလီမီတာ နားကြပ်ပေါက်မှလွဲ၍ USB Type-C port ကိုသာ တစ်ခုတည်းသော 
port အဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါ port တစ်ခုတည်းကို အသုံးပြုပြီး အားသွင်းခြင်း၊
sync လုပ်ခြင်းနှင့် accessory များဖြင့် ချိတ်ဆက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။

ထို့အပြင် MacBook ကို external မော်နီတာတစ်ခုနှင့် iPhone တစ်ခုဖြင့် တစ်ပြိုင်နက်ချိတ်ဆက်လိုပါက
၇၉ ဒေါ်လာတန် Apple adapter တစ်ခု လိုအပ်မည်ဖြစ်သည်။

MacBook Air တွင်မူ USB port နှစ်ခု၊ Thunderbolt port တစ်ခုနှင့် အားသွင်းရန်အတွက် 
MagSafe 2 port တစ်ခု ပါဝင်သည်။ အဆိုပါ port များဖြင့် ကင်မရာတစ်လုံးနှင့် sync လုပ်ခြင်း၊ 
iPhone ကို အားသွင်းခြင်း၊ external မော်နီတာတစ်ခု အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်သည်။

Screen

Apple သည် ၎င်း၏ထုတ်ကုန်များတွင် Retina display များကို ဆက်လက်ထည့်သွင်းခဲ့သော်လည်း MacBook Air တွင်မူ Retina display များဖြင့် အသုံးနိုင်ခြင်း မရှိပေ။ ၁၁ လက်မနှင့် ၁၃ လက်မ MacBook Air များတွင် resolution နိမ့်သော screen များသာ ပါဝင်သည်။ ၁၃ လက်မ အမျိုးအစား၏ screen resolution က 1440 x 900 ဖြစ်သည်။

MacBook ၏ display ကမူ ပိုမိုကောင်းမွန်ပြီး ၁၂ လက်မ Retina screen က 
2304 x 1440 resolution ဖြင့် ဖော်ပြပေးနိုင်သည်။

Speed

MacBook တွင် စွမ်းအင်သုံးစွဲမှုသက်သာသည့် Intel Core M ပရိုဆက်ဆာကို အသုံးပြုထားသည်။
သို့ရာတွင် Core M ပရိုဆက်ဆက်များသည် လက်ရှိ MacBook Air များတွင် အသုံးပြုထားသော
 Intel Core i5/i7 ပရိုဆက်ဆာများကဲ့သို့ စွမ်းဆောင်ရည် ကောင်းမွန်ခြင်း မရှိပေ။

သာမန်သုံးစွဲသူတစ်ဦးအတွက် အမြန်နှုန်း ကွာခြားချက်က အဟန့်အတားဖြစ်မည် 
မဟုတ်သော်လည်း Photoshop, iMovie စသည့် app များကို multitask အဖြစ်
အသုံးပြုလိုသူများအတွက် စွမ်းဆောင်ရည် နှေးကွေးမှုက ပိုမိုသိသာထင်ရှားစေမည်ဖြစ်သည်။

Color

MacBook Air ကို ငွေရောင်တစ်မျိုးတည်းဖြင့်သာ ရရှိနိုင်သော်လည်း new MacBook ကိုမူ
 iPhone, iPad, Apple Watch တို့၏ အရောင်များအတိုင်းရရှိနိုင်သည်။ 

ဆန္ဒရှိပါက MacBook ကို ဖုန်း၊ tablet နှင့် နာရီတို့၏အရောင်အတိုင်း 
gold, rose gold, space grey, silver စသည်ဖြင့် ဆင်တူအသုံးပြုနိုင်သည်။

Battery

MacBook ကို တည်ဆောက်ထားသည့် ဒီဇိုင်းသစ်ကြောင့် ဘက်ထရီဖြင့် 
အင်တာနက်အသုံးပြုရာတွင် ၁၀ နာရီခန့် အသုံးပြုနိုင်သည်။

၁၃ လက်မ MacBook Air ကို ဘက်ထရီဖြင့် အင်တာနက်အသုံးပြုရာတွင်
 ၁၂ နာရီခန့် အသုံးပြုနိုင်သည်။

Storage နှင့် memory

မကြာသေးမီက အဆင့်မြှင့်တင်ပေးခဲ့သော ၁၃ လက်မ MacBook Air တွင် 8GB memory နှင့် 
128GB သိုလှောင်မှုပမာဏ ပါဝင်ပြီး တန်ဖိုးက ၉၉၉ ဒေါ်လာဖြစ်သည်။

8GB memory နှင့် 256GB သိုလှောင်မှုပမာဏ ပါဝင်သော MacBook ၏ တန်ဖိုးက ၁,၂၉၉ ဒေါ်လာဖြစ်သည်။

Force Touch

MacBook ၏ trackpad တွင် Apple Watch နှင့် iPhone 6S တို့၌ ပါဝင်သည့် feature တစ်ခုဖြစ်သော Force Touch ကို တပ်ဆင်ထားသည်။ ထို့အတွက်ကြောင့် Mail app မှ link တစ်ခုကို force click ပြုလုပ်သည့်အခါ link ၏ ဝက်ဘ်စာမျက်နှာကို preview window တစ်ခုဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။

MacBook Air တွင်မူ အဆိုပါ feature ပါဝင်ခြင်း မရှိပေ။


Ref: CNET


Credit : နောင်နောင်


Internet Journal



ဇူးနစ်(နည်းပညာ)




MacBook နှင့် MacBook Air ဘာတွေ ကွာခြားသလဲ Reviewed by ဇူးနစ် on 10:28 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.