Top Ad unit 728 × 90

Description of Image

latest News

recent

Marshmallow Devices များတွင် SD Card ကို Internal Storage အဖြစ်အသုံးပြုလုပ်နည်း


အားလုံးလည်း သိပြီးဖြစ်တဲ့ Android version Marshmallow တွင် 
ဖုန်းရဲ့ storage space အတွက် ပြသနာအနည်းအကျဉ်းဖြစ်ပေါ်လို့နေပါတယ်။

အဲဒီရဲ့ အကြောင်းရင်းကလည်း ဖုန်းရဲ့ storage space တစ်ခုတည်းတွင် 
graphic content games များနဲ့ recording high-quality videos များ
အသုံးပြုထားလို့ ပြသနာကြုံလာရတယ်လို့ ထင်ပါတယ်။


ဒါပေမယ့် ပြသနာရှိရင်တော့ ဖြေရှင်းချက်ဆိုတာလည်း ရှိနေစမြဲဖြစ်တာမို့
တကယ်လို့ မိမိဖုန်းရဲ့ Devices က Android Marshmallow သာဖြစ်နေမယ်
ဆိုရင်တော့ ဖုန်းရဲ့ storage space အတွက် လုံလောက်မှုရှိလာအောင် 
အပိုဝယ်ယူ အသုံးပြုနေကြတဲ့ SD card များကို internal storage အဖြစ်
အသုံးပြုလို့ရနိုင်ပါသေးတယ်။

ဒီ နည်းလမ်းကြီးကို Suppot ပြုလုပ်ပေးထားတဲ့ အားလုံးသိတဲ့ 
Google ကြီးကိုတော့ ကျေးဇူးပါလို့ ပြောကြားလိုပါတယ်။ 

ပြောရရင်တော့ Google ကြီးက Nexus Devices များအတွက် external SD ကို 
ထည့်သွင်းအသုံးပြုတာမျိုးကို သိပ်သဘောတွေ့တာတော့မဟုတ်ပေ။

ဒါပေမယ့်လည်း လုံလောက်မှုမရှိတဲ့ ဖုန်းရဲ့ storage space အတွက်
SD card များကို internal storage အဖြစ်အသုံးပြုလို့ရအောင် ခွင့်ပြုပေးထားပါတယ်။

ဒီတော့ SD Card ရဲ့ advantage များကို ကောင်းကောင်းအသုံးချပြီး
ဖုန်းရဲ့ internal storage အဖြစ် ပြုလုပ်နည်းကို လေ့လာထားသင့်ပါတယ်။

Android 6.0 Marshmallow တွင် ကံကောင်းခြင်းများစွာဖြင့် SD card ကို 
internal storage အဖြစ် ပြုလုပ်ယူလို့ရနိုင်တဲ့ option ပါဝင်နေမှတော့ မိမိအသုံးပြုနေတဲ့ 
ဖုန်းအတွက် ပိုကောင်းသထက် ကောင်းလာအောင် ပြုလုပ်ထားသင့်ပါတယ်။


SD Card ကို Internal Storage အဖြစ်အသုံးပြုလုပ်နည်း
==================================
SD Card ကို Internal Storage အဖြစ်အသုံးပြုလုပ်နည်း process ကိုမစတင်မှီ
သေချာအောင် ပြုလုပ်ထားသင့်တာက မိမိဖုန်းရဲ့ လက်ရှိအသုံးပြုနေတဲ့ ဖုန်းဗားရှင်းက
Android 6.0 Marshmallow ဖြစ်နေရပါမယ်၊ အားလုံးအဆင်ပြေပြီဆိုရင်တော့
အောက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်ပေးလိုက်ပါ။

၁။ ဖုန်းရဲ့ Settings >> Storage option အထိသွားလိုက်ပါ။

၂။ Storage ဆိုတာကိုထပ်နှိပ်လိုက်ပါ။

၃။ SD Card ကိုရွေးချယ်လိုက်ပါ၊ ပြီးရင် Format As Internal ဆိုတာကိုဖွင့်လိုက်ပါ

၎။ Erase & Format ဆိုတာကိုထပ်ရွေးချယ်ပေးပါ

၅။ SD Card ကို Format တစ်ခုပြုလုပ်နေတုန်း ခနစောင့်နေလိုက်ပါ
အားလုံးပြီးသွားတဲ့အခါ ဖုန်းကို reboot ချပေးလိုက်ပါ။

SD Card ကို Fromat တစ်ခုမပြုလုပ်မှီ Data များ ပျက်စီးတတ်နိုင်တာမို့
ကြိုတင်ရွေ့ပြောင်းထားလိုက်ပါ။







အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 



Marshmallow Devices များတွင် SD Card ကို Internal Storage အဖြစ်အသုံးပြုလုပ်နည်း Reviewed by ဇူးနစ် on 10:36 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.