Samsung Galaxy E7 SM-E700F ဖုန်းအတွက် ဗားရှင်း Android 5.1.1 Root လုပ်နည်း
Samsung Galaxy E7 SM-E700F ဖုန်းအတွက် ဗားရှင်း Android 5.1.1 Root လုပ်နည်း
ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်၊ အဆင်မပြေသေးတဲ့ SM-E700F ဖုန်းဘော်ဒါတွေအတွက်ပါ။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း Auto Root ဖိုင်ဖြင့်
Odin ကနေ အလွယ်တကူ Flash ပေးပြီး Root access ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။
ကိုယ်တိုင်စမ်းထားပြီးသားမို့ စိတ်ချလက်ချဖြင့် ပြုလုပ်စေချင်ပါတယ်
Odin ကိုတော့ Odin3.10.7 ဗားရှင်းကပိုအဆင်ပြေပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Samsung Galaxy E7 SM-E700F ဖုန်းအတွက်
သီးသန့်ဖြစ်ပြီးဖုန်း Android 5.1.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
========================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy E7 SM-E700F ဖုန်းအတွက် ဗားရှင်း Android 5.1.1 Root လုပ်နည်း
Reviewed by ဇူးနစ်
on
9:55 PM
Rating:

J7 prime SM-G610F/DS twrp ထည့်ပုံနဲ့ root လုပ်နည်းများကို တင်ပေးပါ
ReplyDeletev 6.0 (2016)