Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy Note 4 SM-N910F ဖုန်းကို CWM Recovery ထည့်သွင်းနည်း


 Galaxy Note 4 SM-N910F ဖုန်းကို CWM Recovery ထည့်သွင်းနည်းကို
ထပ်တင်ပေးလိုက်ပါတယ်၊ ဒီဖုန်းကို မြန်မာစာအမှန်သွင်းချင်တာ
Custom Rom အတွက် Android 6.0 Marshmallow တင်သုံးချင်တယ်ဆိုရင်တော့
မိမိဖုန်းမှာ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။


ဒီဖုန်းကို CWM Recovery ထည့်သွင်းမယ်ဆိုရင်တော့ နောက်ဆုံးထွက် 
CWM 6.0.5.1 recovery file ဖြင့် Odin ကနေအလွယ်တကူ Flash ပေးယူရမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
==========
ဖေါ်ပြ CWM Recovery ထည့်သွင်းနည်းသည်
Galaxy Note 4 SM-N910F ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။






CWM Recovery ထည့်သွင်းနည်း
===================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ 
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

CWM 6.0.5.1 recovery file ကိုတော့ zip မဖြည်ပါနဲ့


ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power



ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။


ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်လိုက်ပြီး Odin မှ ID:COM နေရာမှာ
အောက်ပါပုံအတိုင်း ကွန်ပျူတာက ဖုန်းကိုသိပြီးဖြစ်လို့
အပြာရောင်လေး ပေါ်နေပါလိမ့်မယ်၊ ပုံကိုကြည့်ပါ။


Options ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးပြီး Auto Reboot and F.Reset ဆိုတဲ့
နေရာတွေမှာ အမှန်ခြစ်လေးထားပေးပါ၊ Auto လုပ်ပြီးသားဖြစ်ပါလိမ့်မယ်။


Odin က PDA ဆိုတဲ့နေရာမှာ CWM 6.0.5.1 recovery file ဖိုင်ကိုထည့်လိုက်ပါ။


Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ CWM Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)


www.zunite.org

Samsung Galaxy Note 4 SM-N910F ဖုန်းကို CWM Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 5:02 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.