Samsung Galaxy Note 4 Verizon ဖုန်း ဗားရှင်း Android 6.0.1 Root လုပ်နည်း
Samsung Galaxy Note 4 Verizon ဖုန်း ဗားရှင်း Android 6.0.1 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းထားပြီးသားတော့ ဖြစ်နေရပါမယ်။
လိုအပ်ချက်များ
==========
၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်
၂။ UPDATE-SuperSU-v2.46.zip ဖြစ်နေရပါမယ်
ငြင်းဆိုချက်
=======
ယခုဖေါ်ပြပါ Root လုပ်နည်းသည်Galaxy S6 Edge SM-G925I ဖုန်း
ဗားရှင်း Marshmallow ကို SuperSu ဖြင့် Root လုပ်နည်းဖြစ်ပါတယ်။
ဖေါ်ပြပါ Guide အတိုင်း SuperSu.zip ဖိုင်ဖြင့် တစ်ခြား Device များတွင်
Root လုပ်ခြင်းမျိုး လုံးဝမပြုလုပ်ပါရန်၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့သည်ရှိသော်
လုံးဝတာဝန်မယူပါ၊ Instruction အတိုင်း သေချာအောင်ပြုလုပ်ပါရန်။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy Note 4 Verizon ဖုန်း ဗားရှင်း Android 6.0.1 Root လုပ်နည်း
Reviewed by ဇူးနစ်
on
5:42 PM
Rating:

No comments: