Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy Note 4 Verizon ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်း

 Galaxy Note 4 Verizon ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ မိမိဖုန်းကို Root လုပ်ချင်တာပဲ
ဖြစ်ဖြစ်၊ Custom Rom များတင်သုံးလိုတယ်ပဲဖြစ်ဖြစ် TWRP Recovery ထည့်
သွင်းထားရမှာပဲဖြစ်ပါတယ်။


ဒီဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ TWRP recovery ဖြင့်
 Odin ကနေအလွယ်တကူ Flash ပေးယူရမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
==========
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy Note 4 Verizon ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။






TWRP Recovery  ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 




Samsung Galaxy Note 4 Verizon ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 5:31 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.