Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy S Advance I9070 ဖုန်းကို Marshmallow 6.0 တင်နည်း

Samsung Galaxy S Advance I9070 ဖုန်းကို Marshmallow 6.0 တင်နည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ Custom Rom ကိုအကြိုက်တွေ့
ကြတဲ့ညီအစ်ကိုများအတွက်ပါ၊ Official မှ ဒီဗားရှင်းများအတွက် တိုက်ရိုက်မချပေးတော့လည်း
Custom Rom လေးနဲ့လန်းတာပေါ့ဗျာ တင်နည်းနဲ့ Rom များ Gapps များကို အဆင်ပြေမယ့်
ဒေါင်းလော့လင့်ကနေ တိုက်ရိုက်ညွှန်းပေးထားပါတယ်၊ အောက်မှာလေ့လာကြည့်ပါ။


လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။




How to Install CM13 Marshmallow Rom
============================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ

၃။ ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး
CWM recovery mode သို့ဝင်လိုက်ပါ CWM recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၎။ Marshmallow 6.0.zip နဲ့ Google Apps များကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၅။ CWM recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။

၆။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Marshmallow 6.0.zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot မချလိုက်ပါနဲ့ဦး
Google Gapps ထည့်သွင်းပေးရဦးမှာဖြစ်ပါတယ် အောက်မှာဆက်လေ့လပါ။




Installing the Google Gapps
====================
၁။ Android 6.0.1 Marshmallow Google Gapps file ကိုအရင်ရယူပါ

၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။

၃။ Google Gapps file ကို Copy ကူးပြီး nternal storage SD card သို့ Past လုပ်ပါ။

၎။ ဖုန်းကိုပါဝါပိတ်ပြီး custom recovery mode သို့ဝင်လိုက်ပါ။

၅။ Recovery Mode တွင် "Install" ကိုနှိပ်။

၆။ Install From SD Card မှာ Google Gapps file ကိုရွေးချယ်ပေးလိုက်ပါ။

၇။ Flash loading ပြီးသွားခဲ့ရင်တော့ Backup ကီးကိုနှိပ်ပြီး နောက်ပြန်ဆုတ်ကာ
 "Reboot System Now" ဆိုတာကို နှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Android 6.0.Custom Rom
လေး သင့်ဖုန်းမှာ ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 



Samsung Galaxy S Advance I9070 ဖုန်းကို Marshmallow 6.0 တင်နည်း Reviewed by ဇူးနစ် on 6:25 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.