Samsung Galaxy Tab Pro 10.1 (LTE) ကို TWRP Recovery ထည့်သွင်းနည်း
Samsung Galaxy Tab Pro 10.1 (LTE) ကို TWRP Recovery ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ လေ့လာနေသူတွေနဲ့ အလိုရှိနေတဲ့သူတွေအတွက်
ဒီ Tab ကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ မိမိ Tab Device တွင်
Root access ရရှိထားပြီးသားတော့ ဖြစ်နေရပါမယ်၊ ပြီးရင် TWRP Manager app ဖြင့်
အလွယ်တကူထည့်သွင်းနိုင်ပါတယ်၊ App လေးဖြစ်တော့ ခေါင်းမစားတော့ပါ သီအိုရီတစ်ခုကို
ပိုင်သွားရင် တစ်ခြား Devices များလည်း ဒီနည်လမ်းဖြင့် တင်ယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်
========
၁။ Wifi & Mobile Data အင်တာနက်အဆင်ပြေနေပါမယ်
၂။ မိမိ Device တွင် Root ဖောက်ထားပြီးသားဖြစ်နေပါမယ်
How to install TWRP Recovery
====================
၁။ ပေးထားသော ဒေါင်းလောင့်များမှ TWRP Recovery App ကိုရယူပြီး ဖုန်းမှာထည့်သွင်းပါ
၂။ ဖုန်းမှာ ထည့်သွင်းပြီးရင်တော့ App ကိုဖွင့်လိုက်ပါ၊ ပြီးရင် Install ဆိုတာကိုနှိပ်လိုက်ပါ
၃။ TWRP Recovery Device list ကိုရောက်သွားတဲ့အခါ မိမိ Tab အတွက် TWRP ကိုရှာပါ
၎။ မိမိ Tab အတွက် TWRP Recovery ဖိုင်ကိုတွေ့ပြီဆိုတာနဲ့ ရွေးလိုက်ပါ၊ လိုင်းအခြေ
အနေပေါ် မူတည်ပြီး ဒေါင်းလော့နေမှု အနှေးအမြန် ဖြစ်နေပါလိမ့်မယ်။
၅။ ဒေါင်းလော့ပြီးတာနဲ့ TWRP Recovery ကိုထည့်သွင်းမလား မထည့်သွင်းဘူးလားလို့
မေးလာတဲ့အခါ ထည့်သွင်းမှာဖြစ်တဲ့အတွက် Yes ဆိုတာကိုနှိပ်ပြီးထည့်သွင်းလိုက်ပါ။
၆။ TWRP Recovery ထည့်သွင်းမှု ပြီးသွားတဲ့အခါ Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့် Tab မှာ TWRP Recovery ထည့်သွင်းခြင်းပြီးဆုံးပါပြီ။
TWRP Manager app အသုံးပြုနည်း အပြည့်အစုံ
ဇူးနစ်(နည်းပညာ)
www.zunite.org

TWRP Manager app ဒေါင်းလော့လင့်
=====================
ဇူးနစ်(နည်းပညာ)
www.zunite.org
Samsung Galaxy Tab Pro 10.1 (LTE) ကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
4:26 PM
Rating:

No comments: