Top Ad unit 728 × 90

Description of Image

latest News

recent

Sony Xperia Z5 Compact E5823 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


Sony Xperia Z5 Compact E5823 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
Z5 ဘော်ဒါတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်
ဆိုရင်တော့ custom recovery ကိုအရင်ထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။

မိမိဖုန်းမှာ custom recovery လည်းထည့်သွင်းပြီးတဲ့အခါ Root ဖောက်ထည့်
မြန်မာစာအတွက် Zawgyi zip ဖိုင်ကို Flash လုပ်ယူတာတို့ အားလုံးအဆင်ပြေပါတယ်။

လိုအပ်ချက်များ
=========
ဖေါ်ပြပါ Twrp recovery ထည့်သွင်းနည်းသည် Sony Xperia Z5 Compact E5823 ဖုန်းအတွက်
သီးသန့်ဖြစ်ပါတယ်၊ တစ်ခြား Device တွင် ထည့်သွင်းခြင်းမျိုးလုံးဝမပြုလုပ်ပါနဲ့။

ကွန်ပျူတာတွင် လိုအပ်မယ့် ADB USB Driver ကိုသေချာအောင်ပြုလုပ်ထားပါ
မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ

အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ

ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
 Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။





How to install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ

ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
ADB & Fastboot Folder ထဲမှာထည့်ထားလိုက်ပါ

၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။


"adb reboot bootloader"


အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


“fastboot flash boot boot.img”


အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


“fastboot flash recovery twrp-3.0-recovery.img”


Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။


"fastboot reboot"


ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။



အဆင်ပြေပါစေ



ဇူးနစ်(နည်းပညာ) 


www.zunite.org


Sony Xperia Z5 Compact E5823 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 5:51 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.