Top Ad unit 728 × 90

Description of Image

latest News

recent

TeamWin TWRP Manager app အသုံးပြုနည်း အပြည့်အစုံ Tutorial Guide


TeamWin TWRP Manager app အသုံးပြုနည်း အပြည့်အစုံ
Tutorial Guide ကိုသတိရတုန်းလေး တင်ပေးလိုက်ပါတယ်။

ယခုဖေါ်ပြပါနည်းလမ်းသည် Official အတိုင်းတင်ပေးလိုက်တာပါ
Video Tutorial ကိုလည်း Record လုပ်ပြီး ထပ်တင်ပေးတာပဲဖြစ်ပါတယ်။

TWRP Recovery ဆိုတာကိုတော့ အားလုံးလည်းသိပြီးဖြစ်ကြမှာပါ
ဖုန်းတစ်လုံးတွင် Stock Recovery & Custom Recovery ဆိုပြီး
နှစ်မျိုးရှိတဲ့အနက် ဖုန်းတစ်လုံးကို Custom Recovery လည်းထည့်သွင်း
အသုံးပြုရတော့မယ်ဟေ့ ဆိုရင်တော့ ဖုန်းအမျိုးအစားအလိုက် Official ကျကျ
လိုက်လုပ်နေရတာကိုက မကျွမ်းကျင်သေးတဲ့ သူတွေအတွက် ခေါင်းခြောက်စရာချည်းပါပဲ

Samsung Device ဆိုရင် Odin ကနေ TWRP Recovery.zip ဖိုင်ကို
Flash ပေးရ၊ MTK Device ဆိုရင် SP Flash Tool ဖြင့် Recovery file ကို
Flash ပေးရ ခက်ခဲတဲ့ ဖုန်းအမျိုးအစားတွေဆိုရင် adb command ဖြင့်
Flash ပေးရနဲ့ သိုင်းလောကထဲ အကွက်ပေါင်းစုံနေတော့ ကိုယ့်အတွက်
လွယ်လင့်တကူနဲ့ ထည့်သွင်းအသုံးပြုလို့ရနိုင်မယ့် နည်းလမ်းကိုသာ လူတိုင်းက
အလိုရှိနေကြမှာပဲဖြစ်ပါတယ်၊ 

ဒီတော့ လေ့လာအားကောင်းပြီး လက်တွေ့ကျမှု ကြိုးစားမှု ညဏ်ယှဉ်ပြီးလေ့လာမှုတွေကပဲ
နည်းလမ်းကောင်းများကို ရှာဖွေ တွေ့ရှိနိုင်မှာပဲဖြစ်ပါတယ်၊ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိတဲ့
 Developer တစ်ယောက် ဆိုရင်တော့ အထူးပြောစရာမလိုလောက်ဘူးပေါ့ 

Super suer တစ်ယောက် အဖြစ်နဲ့ ဖုန်းကလစ်သူ Service သမားတစ်ယောက်
ကောင်းကောင်းဖြစ်ချင်တယ် ဆိုရင်တော့ Root access ရရှိထားပြီး ဖုန်း နဲ့ Tablet 
အမျိုးအစားများကို Twerp Recovery ထည့်သွင်းရတော့မယ်ဆိုရင်တော့ 
ဒီ TWRP Manager app ဖြင့် အလွယ်တကူ Install ပြုလုပ်ယူနည်းကို သိထားမှ အဆင်ပြေမှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
=========
၁။ မိမိဖုန်းမှာ Bootloader Unlock လုပ်ထားပြီးသားဖြစ်နေရပါမယ်။
၂။ မိမိဖုန်းမှာ Root access ရရှိထားပြီးသားဖြစ်နေရပါမယ်
၃။ Wifi & Mobile Data internet လိုင်းကောင်းကောင်းလိုပါတယ်။
၎။ TWRP Manager app ကို အသုံးပြုနည်း instruction ကို နားလည်ထားရပါမယ်။


ဘာကြောင့်အသုံးပြုသင့်တာလဲ
=================
ဘာကြောင့်အသုံးပြုသင့်တာလဲဆိုတဲ့ အမေးအတွက် အဖြေကိုရှာဖို့

၁။ သင့်ဖုန်းမှာ ဗားရှင်း ဘယ်လောက်လဲ...?

၂။ မြန်မာစာကော Browser တွေနဲ့တစ်ခြားမှ အကုန်မှန်ပြီလား...?

၃။ Root ကော ဖောက်ပြီးလား...? 

၎။ Android 5.0 xx နဲ့ 6.0 Marshmallow ကိုတင်သုံးချင်နေတာလား...? 

၅။ Box များအသုံးမပြုပဲ Stock Rom ကို မိနစ် အနည်းငယ်
လောက်နဲ့ Full Backup ပြုလုပ်ထားချင်တာလာ...? 

၆။ Classic Backup ဖြင့် Stock Rom လေးကို
zip ချုပ်ပြီး မိမိရဲ့ စိတ်ချရမယ့် Data ဂိုဒေါင်းထဲမှာ သိမ်းဆည်းထားချင်တာလား...? 

၇။ Full bakup Stock Rom ကို ပြန်လည် Restore အလွယ်လုပ်ယူချင်တာလား...?

စသည့် Developer တစ်ယောက်ကဲ့သို့ (သို့) Service သမားကောင်းကောင်း
ဖြစ်ချင်တယ်ဆိုရင်တော့ ယခုပို့စ့် ရဲ့ Video Tutorial ကို မကျော်သွားဖို့ကို
အထူးပြောကြားချင်ပါတယ်။

E လိုနားမလည်ဘူးဗျာ လုပ်ရတာခက်ခဲတယ် ဟုတ်ပါ ပြီ သူပြောနေတာကို
 နားမလည်ချင်နေပါ သူဘယ်လိုလုပ်သွားတယ်ဆိုတာကိုသာ
တစ်ကြိမ်တစ်ခါလောက် ကြိုးစားပြီးမှတ်သားထားစေချင်ပါတယ်။ 

တစ်ကြိမ်တစ်ခါလောက် လက်တွေ့ အတွေ့အကြုံရှိထားခဲ့ရင် နောင်ကြုံလာမယ့်
 TeamWin TWRP Manager app အသုံးပြုနည်းတွေကလည်း
ဒီအတိုင်းပဲဆိုတဲ့ တိကျတဲ့ သီအိုရီကို ဆုပ်ကိုင်ထားစေချင်ပါတယ်။


ကြိုတင်ပြုလုပ်ထားသင့်တဲ့အရာ
=================
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy S5 Mini ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။


ဖတ်ပေးပါ
======
အမေး။ ကျွန်တော့်ဖုန်းအတွက် TWRP Recovery ဖိုင်ကို 
Official မှာဘာကြောင့် ရှာမရတာလဲ...?

အဖြေ။ ဖေါ်ပြပါ Team Win website တွင် TWRP ဖိုင်များသည် official ၏ 
list of supported devices ဖြစ်ပါတယ်။

တကယ်လို့ ဖေါ်ပြပါ list တွင် မိမိဖုန်းအတွက် မရှိနေဘူးဆိုရင်တော့
Official သို့ Email ဖြင့် တောင်းဆိုနိုင်ပါတယ်။

အမေး။ ဘာဖြစ်လို့ ကျွန်တော့်ဖုန်းအတွက်ကျတော့ list တွင်မပါတာလဲ၊
 ပြီးတော့ ဘာကြောင့် Official က support မလုပ်ပေးတာလဲ...?

အဖြေ။ TeamWin TWRP Official မှာ ဖုန်းရဲ့ Recovery ကိုဖန်တီးထားတာမဟုတ်ပါ၊ 
TeamWin TWRP ဖိုင်ကိုသာလျှင် ဖန်တီးပေးထားတာမို့ မိမိဖုန်းအတွက် ထုပ်လုပ်ထားတဲ့
ဖုန်း Company မှ Support မလုပ်ပေးသေးဘူးဆိုရင်တော့ TeamWin ဆိုက်မှလည်း 
Support လုပ်ပေးမှာမဟုတ်ပါ။


TWRP Recovery ရှာဖွေနိုင်သည့် website
========================


ယခုဖေါ်ပြပါ website သည် TeamWin TWRP ဖိုင်များအတွက်
list လုပ်ပေးထားတဲ့ Official ဆိုက်ဖြစ်ပါတယ်၊ list ထဲတွင်
ရှိသမျှ Device အားလုံးအတွက် One Click ဖြင့်ဒေါင်းလော့နိုင်ပါတယ်။

ဖုန်းကလစ်သူများနဲ့ ဖုန်း Service သမားတွေကတော့ ဒီ website ကို
မှတ်ထားစေချင်ပါတယ်၊ အရေးကြုံလာရင် အဲဒီမှာအရင်သွားကြည့်လိုက်ပါ
နို့မဟုတ်လို့ကတော့ မိမိဖုန်းအတွက် လိုက်ရှာနေရတာ အမော မျက်စိ
နောက်ရောက်တယ်၊ Official ထဲမှ ရှိသမျှတော့ ကိုယ့်အပိုင်ပဲပေါ့ဗျာ...။


TeamWin TWRP Manager app အသုံးပြုနည်း အပြည့်အစုံကိုတော့
ပုံတွေဖြင့် အသေးစိတ်မရှင်းပြနေတော့ပါ၊ အောက်ပါ Official ရဲ့
အသုံးပြုနည်း Video Tutorial ကိုသာ ပြီးဆုံးအောင် လေ့လာထားပါ
တစ်ခါလက်တွေ့လုပ်ပြီးတာနဲ့ နောင်များ ဖုန်းတွေကိုလည်း ဒီအတိုင်းပဲ
ဆိုတာကို နားလည်သဘောပေါက်စေချင်ပါတယ်၊ လေ့လာကြည့်လိုက်ပါ။


How to Use TWRP Manager App
=======================
video



 TWRP Manager app ဒေါင်းလော့လင့်
=====================







TWRP ကိုထည့်သွင်းယူလို့ရတဲ့ Flasher Tool apk တွေအနက်
ကျနော် စမ်းသပ်အသုံးဖြစ်တာကတော့ Rashr - Flash Tool ဖြစ်ပါတယ်
Recovery Flasher apk တွေကတော့ လုပ်နည်းလုပ်ဟန် သီအိုရီတွေက
အားလုံးတူကြပါတယ် အောက်ကလင့်မှာဝင်ကြည့်လိုက်ပါ။





အားလုံးပဲ ဘ၀အမောတွေပြေနိုင်ကြပါစေ


ဇူးနစ်(နည်းပညာ)




TeamWin TWRP Manager app အသုံးပြုနည်း အပြည့်အစုံ Tutorial Guide Reviewed by ဇူးနစ် on 12:34 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.