Coolpad Note 3 Lite ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း
Coolpad Note 3 Lite ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို TWR Recovery ထည့်သွင်း
မယ်ဆိုရင်တော့ SP Flash Tool ဖြင့် ထည့်သွင်းရမှာပါ၊ Custom recovery ထည့်သွင်း
ပြီးရင်တော့ SuperSu.zip ဖိုင်ဖြင့် Root လုပ်နိုင်သလို Kingroot apk ဖြင့်လည်းပေါက်ပါတယ်။
ဒီဖုန်းကို Custom Recovery ထည့်သွင်းမယ်ဆိုရင်တော့ SP Flash Tool ကနေ
Recovery scatter ဖိုင်ဖြင့်ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
==========
SP Flash Tool
VCOM Driver
Recovey Image
USB Cable
Install TWRP Recovery
================
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ
ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။
Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
“MT6753_Android_scatter.txt” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။
Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။
ပြီးသွားတဲ့အခါ Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ Custom Recovery ကိုထည့်သွင်းပြီးပါပြီ။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ
Volume Down + Volume + Power Button များကိုတွဲနှိပ်ထားပါ
Boot Screen ကိုမြင်နေရတဲ့အခါ Power ကီးကိုလွှတ်လိုက်ပြီး
Recovery Screen ကိုမြင်ရတဲ့အခါ Volume Buttons ကိုနှိပ်ထားလိုက်ပါ
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU_v2.49.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Coolpad Note 3 Lite ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း
Reviewed by ဇူးနစ်
on
9:18 PM
Rating:

No comments: