Top Ad unit 728 × 90

Description of Image

latest News

recent

Google Play No Connection Retry error ဖြေရှင်းနည်း


Google Play No Connection Retry error ဖြေရှင်းနည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ error နဲ့ issue ကိုတော့ မပြောပြတတ်ပေမယ့်လည်း တကယ်လို့ မိမိဖုန်းမှာ 
Google Play ဆိုင်ရာ No Connection Retry error ပြသနာတက်လာခဲ့ရင်တော့
အောက်ပါအတိုင်းဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။


သတိထားမိတာလေးတစ်ခုကတော့ ဒီလိုပြသနာက ဖုန်းမှာ အသုံးပြုနေတဲ့ 
Goolgle Plasy store က ဗားရှင်းအဟောင်း ဖြစ်နေခဲ့ရင် များသောအားဖြင့်ဖြစ်တတ်ပါတယ်။


Google Play No Connection Retry error ဖြေရှင်းနည်း


သင့်ဖုန်းမှာ ဖေါ်ပြပါ Google Play No Connection Retry error 
ပြသနာတက်နေခဲ့ပြီဆိုရင်တော့ အောက်ပါအတိုင်း ဖြေရှင်းပေးလိုက်ပါ။

Gmail Password ကို စစ်ဆေးပေးပါ

Google Play Store ပေါ်မှ Apps တွေကိုဒေါင်းလော့ရယူတော့မယ်
ဆိုရင်တော့ ပထမဆုံးအနေဖြင့် ကျွန်တော်တို့၏ Gmail account က
Active ဖြစ်ထားဖို့တော့လိုအပ်ပါမယ်။

ဒီအတွက် Settings-Accounts->Gmail->Sync-Enable ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
တကယ်လို့ မိမိ gmail account ၏ password ကို ပြောင်းထားခဲ့ရင်တော့ ပြောင်းထားခဲ့တဲ့
New password ကို log in လုပ်ပေးပြီး active ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Date and Time ကို စစ်ဆေးပေးပါ

ဒါလည်းအရမ်းအရေးပါတဲ့ တစ်ခုဖြစ်ပါတယ်၊ Time zone လည်း 
မှန်ကန်နေဖို့လိုအပ်ပါမယ်၊ တကယ်လို့ မိမိဖုန်းရဲ့ Date and Time 
သာမှားယွင်းနေခဲ့ရင်တော့ အင်တာနက်လည်းပိုင်း ပြသနာတက်တတ်ပါတယ်။

တကယ်လို့သာ Date and Time မှားယွင်းနေခဲ့ရင်တော့
Google play အတွက် Connection ပြသနာရှိနိုင်ပါတယ်။


Factory reset ပြုလုပ်ပေးပါ
===============
၁။ ဖုန်းကို ပါဝါပိတ်လိုက်ပါ

၂။ home+Power+Volume ကိုတွဲနှိပ်လိုက်ပါ

၃။ ဖုန်းမှာ Logo မြင်နေရတဲ့အခါ Power ကီးကို လွှတ်လိုက်ပြီး
Home နဲ့ Volume up ကီးများကို ဆက်နှိပ်ထားလိုက်ပါ။

၎။ Android logo မြင်ရတဲ့အခါ ကီးအားလုံးကို လွှတ်ပေးလိုက်ပါ။

၅။ Recovery mode တွင် wipe data / factory reset များရှင်းထုတ်ပါ။

 (အောက်သို့ ဆင်းသည့် ခလုပ်က Down key ဖြစ်ပြီး အပေါ်သို့ တက်သည့်ခလုပ်က
 Vol up key အတည်ပြုပေးတဲ့ခုလပ်က Power key ဖြစ်ပါတယ်)

၆။ 'Yes' ကိုနှိပ်ပေးလိုက်ပါ

၇။ Process တစ်ခုပြီးဆုံးအောင်စောင့်နေလိုက်ပါ၊

၈။ အားလုံးပြီးသွားရင်တော့ ‘Reboot system now’ ကိုနှိပ်ပေးပြီး

ဖုန်းကို Restart ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ error ကင်းရှင်းပါပြီ။


Cache များကိုရှင်းထုတ်ပေးပါ
================
၁။ ဖုန်းမှ Settings ကိုတစ်ချက်နှိပ်လိုက်ပါ

၂။ More ကိုထပ်နှိပ်ပါ

၃။ Application Manager ကိုနှိပ်သွားလိုက်ပါ

၎။ All Application သို့ထပ်သွားလိုက်ပါ

၅။ မိမိဖုန်းတွင် လက်ရှိအသုံးပြုနေတဲ့ apps တွေကို မြင်နေရပါလိမ့်မယ်

Google Play ဆိုတာကိုထပ်နှိပ်လိုက်ပါ။

၆။ Clear Cache နှင့် Clear data များကို ရှင်းထုတ်ပေးလိုက်ပါ

၇။ Home screen သို့ပြန်လာခဲ့လိုက်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

၈။ ပြန်တက်လာတဲ့အခါ Error ကင်းရှင်းသွားပါလိမ့်မယ်။


Google Play Store နောက်ဆုံးဗားရှင်းကို အသုံးပြုပါ
============================
သင့်ဖုန်းရဲ့ Google Play No Connection Retry error ဖြေရှင်းဖို့
နောက်ထပ် အကောင်းဆုံးနည်းလမ်းလေးတစ်ခုကတော့ Google Play app ရဲ့
နောက်ဆုံးထွက် ဗားရှင်းကို update ပြုလုပ်ပြီး အသုံးပြုဖို့ပါပဲ။

နောက်ဆုံးထွက် ဗားရှင်းကိုသာ မိမိဖုန်းမှာ udpate ပြုလုပ်ထည့်
သွင်းပြီးရင်တော့ အဆိုပါ ပြသနာကို အလွယ်တကူ ဖြေရှင်းပေးမှာပဲဖြစ်ပါတယ်။





အားလုံးကိုကျေးဇူးတင်ပါတယ်


ဇူးနစ်(နည်းပညာ) 



Google Play No Connection Retry error ဖြေရှင်းနည်း Reviewed by ဇူးနစ် on 10:36 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.