HTC Butterfly 2 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
HTC Butterfly 2 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Custom Recovery တစ်ခုထည့်သွင်းမယ်ဆိုရင်တော့
မိမိဖုန်းမှာ Root ဖောက်ထားပြီးသားတော့ဖြစ်နေရပါမယ်။
ဒီဖုန်းအတွက် ကွန်ပျူတာမလိုပါ TWRP Manager app ဖြင့် Device မှာတင်
TWRP Recovery ဖိုင်ကို အလွယ်တကူ Flash ပေးယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်
========
၁။ Wifi & Mobile Data အင်တာနက်အဆင်ပြေနေပါမယ်
၂။ မိမိ Device တွင် Root ဖောက်ထားပြီးသားဖြစ်နေပါမယ်
TWRP Manager app ဒေါင်းလော့လင့်
=====================
How to install TWRP Recovery
=====================
၁။ ပေးထားသော ဒေါင်းလောင့်များမှ TWRP Recovery App ကိုရယူပြီး ဖုန်းမှာထည့်သွင်းပါ
၂။ Device တွင်ထည့်သွင်းပြီးရင်တော့ App ကိုဖွင့်လိုက်ပါ၊ ပြီးရင် Install ဆိုတာကိုနှိပ်လိုက်ပါ
၃။ TWRP Recovery Device list ကိုရောက်သွားတဲ့အခါ မိမိ Device အတွက် TWRP ကိုရှာပါ
၎။ မိမိ Device အတွက် TWRP Recovery ဖိုင်ကိုတွေ့ပြီဆိုတာနဲ့ ရွေးလိုက်ပါ၊ လိုင်းအခြေ
အနေပေါ် မူတည်ပြီး ဒေါင်းလော့နေမှု အနှေးအမြန် ဖြစ်နေပါလိမ့်မယ်။
၅။ ဒေါင်းလော့ပြီးတာနဲ့ TWRP Recovery ကိုထည့်သွင်းမလား မထည့်သွင်းဘူးလားလို့
မေးလာတဲ့အခါ ထည့်သွင်းမှာဖြစ်တဲ့အတွက် Yes ဆိုတာကိုနှိပ်ပြီးထည့်သွင်းလိုက်ပါ။
၆။ TWRP Recovery ထည့်သွင်းမှု ပြီးသွားတဲ့အခါ Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့် Device တွင် TWRP Recovery ထည့်သွင်းခြင်းပြီးဆုံးပါပြီ။
ဇူးနစ်(နည်းပညာ)
HTC Butterfly 2 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
3:28 PM
Rating:

No comments: