Top Ad unit 728 × 90

Description of Image

latest News

recent

HTC One M8 ဖုန်းကို Android 6.0 Marshmallow တင်နည်း


HTC One M8 ဖုန်းကို Android 6.0 Marshmallow တင်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Marshmallow တင်မယ်ဆိုရင်တော့ ကွန်ပျူတာမလိုပဲ
ဖုန်းမှာတင် အလွယ်တကူ Flash ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ လက်ရှိဖုန်းမှာ Stoick firmware ဖြစ်နေရပါမယ်

၂။ ဖုန်းမှာ အနည်းဆုံး 70% Charge လောက်ရှိနေရပါမယ်။

၃။ ဖုန်းကို Nardroid Backup တစ်ခုပြုလုပ်ထားလိုက်ပါ

၎။ Firmware တင်နည်း Instruction အတိုင်းပြုလုပ်ပါ


ငြင်းဆိုချက်
========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom 
တင်ယူရန်အတွက် မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

How to install HTC One M8 Android Marshmallow
================================
၁။ ဖုန်းရဲ့ Settings မှ Update နေရာတွင် Check ပြုလုပ်ကြည့်ပါ
 မိမိဖုန်းအတွက် Update တင်ယူရန်အတွက် ရနိုင် မရနိုင်

၂။ ဒေါင်းလော့လင့်မှာ OTA zip ဖိုင်ကိုဒေါင်းလော့ရယူလိုက်ပါ

၃။ OTA zip ဖိုင်ကို ဖုန်းရဲ့ internal storage ထဲမှာထည့်လိုက်ပါ

၎။ ဖုန်းကိုပါဝါပိတ်ပြီး volume down + power ကိုနှိပ်ပြီး 
Recovery mode သို့ဝင်လိုက်ပါ

၅။ Recovery mode တွင် Wipe ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ၊ 
ပြီးရင် factory reset ချလိုက်ပါ။

၆။ 'Install' ဆိုတာကိုနှိပ်ပါ၊ internal storage ထဲမှ OTA zip ဖိုင်ကို ရွေးချယ်လိုက်ပါ

၇။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ OTA zip ဖိုင်ကို Flash ပေးလိုက်ပါ

၈။ Flash process တစ်ခုပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။
ပြန်တက်လာရင်တော့ သင့်ဖုန်းမှာ Android 6.0 Marshmallow  လေး
လန်းနေပါလိမ့်မယ်၊ 



ဇူးနစ်(နည်းပညာ)




HTC One M8 ဖုန်းကို Android 6.0 Marshmallow တင်နည်း Reviewed by ဇူးနစ် on 12:03 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.