Top Ad unit 728 × 90

Description of Image

latest News

recent

Lenovo Vibe P1m ဖုန်းကို Custom Recovery ထည့်သွင်းနည်း


Lenovo Vibe P1m ဖုန်းကို Custom Recovery ထည့်သွင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Custom Recovery ထည့်သွင်းမယ်ဆိုရင်တော့
နည်းလမ်း နှစ်ခုဖြင့်ထည့်သွင်းအသုံပြုနိုင်ပါတယ်။


Custom Recovery နည်လမ်း နှစ်ခု
====================
၁။ ADB Fastboot ဖြင့် Command များကိုအသုံပြုပြီးထည့်သွင်းနည်း

၂။ MTK Device နည်းလမ်းအတိုင်း Flash Tool ဖြင့် 
Recovery Image ကိုထည့်သွင်းနည်း

ဖေါ်ပြပါ နည်းလမ်းနှစ်ခုတွင် မိမိအတွက် အဆင်ပြေမယ့်
Guide ကိုအသုံးချပြီး သင့်ဖုန်းအတွက် Custom Recovery ကို
ထည့်သွင်းရယူနိုင်ပြီဖြစ်ပါတယ်။

မိမိဖုန်းကို Root လုပ်တယ်ပဲဖြစ်ဖြစ်၊ ဖုန်းရဲ့ System တစ်ခုလုံးမှာရော့
Social Apps တွေနဲ့ Browser တွေမှာပါ မြန်မာစာ အမှန်မြင်ချင်တယ်
ဆိုရင်တော့ ဖုန်းကို Root လုပ်ရမယ်၊ Custom Recovery ထည့်သွင်းရပါမယ်
သို့မှသာ သင့်ဖုန်းအတွက် မြန်မာစာ 100% အဆင်ပြေမှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
=========
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် ADB and Fastboot Driver ကို
အဆင်ပြေအောင် ထည့်သွင်းထားပါ။

၂။ ပေးထားသော ဒေါင်းလော့လင့်မှာ Recovery.img ဖိုင်ကိုဒေါင်းလော့ရယူပါ။

၃။ ဖုန်းတွင် battery အား 50% လောက်ရှိနေရပါမည်။

၎။ မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ

အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ

ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
 Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။


ADB and Fastboot Method 
==================
ADB and Fastboot Method ကိုအသုံးပြုပြီး မိမိဖုန်းအတွက်
Custom Recovery ထည့်သွင်းမယ်ဆိုရင်တော့ လိုအပ်ချက်များကို
အရင်လေ့လာထားသင့်ပြီး ဖေါ်ပြလမ်းညွှန်အတိုင်း ပြုလုပ်ပါ အဆင်ပြေပါပြီ။


လိုအပ်တာများကိုအရင်ရယူလိုက်ပါ




How to install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
C:Program Files (x86)Minimal ADB and Fastbootor
 C:Program FilesMinimal ADB and Fastboot directory အတိုင်း
ကူးထည့်ထားလိုက်ပါ။

၃။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

Command Box တွင် အောက်ပါစာကြောင်းရိုက်ထည့် Enter ခေါက်ပါ

adb devices

ကွန်ပျူတာနဲ့ ဖုန်း အချင်းချင်း Device သိပြီဆိုတာနဲ့ 
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


"adb reboot bootloader"


အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


"fastboot boot recovery.img"


Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။


"fastboot reboot"


ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။




Flash Tool ဖြင့် Recovery Image ကိုထည့်သွင်းနည်း
==============================
ဒီဖုန်းကို Recovery Image ကိုထည့်သွင်းနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့
MTK Device နည်းလမ်းအတိုင်း Flash Tool ဖြင့် Recovery Image ကိုထည့်သွင်းနိုင်ပါတယ်။

လိုအပ်ချက်များ
==========
SP Flash Tool
VCOM Driver
Recovey Image
USB Cable





၁။ ဒေါင်းလော့ရယူပါ Recovery.zip ဖိုင်ကိုဖြေလိုက်ပါ၊ 

၂။ ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။

၃။ Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
“MT6735M_Android_scatter.txt” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။

၎။ Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။

၅။ ပြီးသွားတဲ့အခါ Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ Custom Recovery ကိုထည့်သွင်းပြီးပါပြီ။




အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)




Lenovo Vibe P1m ဖုန်းကို Custom Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 4:55 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.