Lenovo Vibe P1m ဖုန်းကို Root လုပ်နည်း
Lenovo Vibe P1m ဖုန်းကို Root လုပ်နည်းကို
ထပ်တင်ပေးလိုက်ပါတယ်၊ လိုအပ်နေတဲ့သူတွေအတွက်
အလွယ်တကူ လေ့လာရအောင်ရော့ ပြီးတော့ ဖုန်းဆားဗစ်
ဘော်ဒါများ Source တစ်ခုအဖြစ် လေ့လာလို့ရအောင်ဆိုပြီး
ဒေါင်းလော့လင့်တွေနဲ့ Instruction များကို ရှင်းလင်းအောင်
ရှင်းလင်းပြပေးထားပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader unlock & TWRP ထည့်
သွင်းပြီးမှ Supersu ဖြင့် Recovery mode ကနေ Flash ပေးယူရမှာပါ။
လိုအပ်ချက်များ
=========
၁။ TWRP Recovery ထည့်သွင်းရပါမယ်
၂။ BETA-SuperSU-v2.68.zip ဖြစ်နေရပါမယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ
Volume Down + Volume + Power Button များကိုတွဲနှိပ်ထားပါ
Boot Screen ကိုမြင်နေရတဲ့အခါ Power ကီးကိုလွှတ်လိုက်ပြီး
Recovery Screen ကိုမြင်ရတဲ့အခါ Volume Buttons ကိုနှိပ်ထားလိုက်ပါ
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-v2.52.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Lenovo Vibe P1m ဖုန်းကို Root လုပ်နည်း
Reviewed by ဇူးနစ်
on
5:09 PM
Rating:

No comments: