Redmi Note 3 Pro 7.1.8.0 global ဗားရှင်းကို Root လုပ်နည်း
Redmi Note 3 Pro 7.1.8.0 global ဗားရှင်းကို Root လုပ်နည်းကို
တွေ့မိလို့အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ မိမိဖုန်းမှာ bootloader unlock
လုပ်ထားပြီးသားဖြစ်နေရမှာဖြစ်သလို TWRP လည်းထည့်သွင်းထားရပါမယ်
ပြီးမှာ SuperSu.zip ဖိုင်ဖြင့် Recoery mode ကနေအလွယ်တကူ
Flash ပေးပြီး Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader unlock ပြုလုပ်ထားရပါမယ်
၂။ TWRP Recovery ထည့်သွင်းရပါမယ်
၃။ BETA-SuperSU-v2.71.zip ဖြစ်နေရပါမယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။
လိုအပ်တာများကိုအရင်ရယူလိုက်ပါ
How to Root Redmi Note 3 Pro 7.1.8.0 global
==============================
ကွန်ပျူတာတွင်လိုအပ်မယ့် ADB Fastboot Driver ကိုသေချအောင်ပြုလုပ်ပါ။
ဒေါင်းလော့ရလာတဲ့ SuperSU zip file ကို SD Card သို့ထည့်ပါ
ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
recovery twrp.img ဆိုပြီး နာမည်ပြောင်းပေးလိုက်ပါ။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
ဒေါင်းလော့ရလာတဲ့ Boot image ဖိုင်နဲ့ TWRP ဖိုင်ကို
zip ဖြည်လိုက်ပြီး Fastboot floder မှာထည့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပြီး Power and Volume Down ကိုတွဲနှိပ်ပြီး
Fastboot mode သို့ဝင်လိုက်ပါ
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
fastboot devices
Devices အချင်းချင်းသိပြီဆိုတာနဲ့ အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ
“fastboot flash boot boot.img”.
အချိန်အနည်းငယ်စောင့်ပေးလိုက်ပါ
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“fastboot flash recovery twrp.img”.
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
fastboot reboot
ဖုန်းက Reboot ကျတာနဲ့ “Mi” logo မြင်နေတဲ့အထိ
Volume Up and Power keys များကိုတွဲနှိပ်ထားပါ
ဖုန်းက Recovery Mode သို့ရောက်သွားတဲ့အခါ SD Card တွင်ရှိသော
SuperSu.zip ဖိုင်ကို ထည့်သွင်းပေးရန်အတွက်
install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Redmi Note 3 Pro 7.1.8.0 global ဗားရှင်းကို Root လုပ်နည်း
Reviewed by ဇူးနစ်
on
9:04 AM
Rating:

ဆြာရေredmi note3stablewebsiteကမြန်မာစာတွေမှန်အောင်ဘိုလုပ်ရမလဲဗျကူညီပါအုံး
ReplyDelete