Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy A7 ဖုန်းကို CM13 ထည့်သွင်းပြီး Marshmallow 6.0 တင်နည်း

Samsung Galaxy A7 ဖုန်းကို CM13 ထည့်သွင်းပြီး Marshmallow 6.0 တင်နည်းကို
A7 ဘော်ဒါတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ Official ကတိုက်ရိုက် ဒေါင်းလော့
ပြီး Update ဆွဲထားပြီးသား သူများကတော့ ပြုလုပ်စရာမလိုတော့ပါ၊ ပြီးတော့ အခုတင်ပေး
လိုက်တဲ့ CM13 လည်းပဲ Unofficial ပဲဖြစ်ပါတယ်၊ သူများတွေလို Official မှချပေးတဲ့
တိုက်ရိုက်လင့်ကို မစောင့်နေတော့ဘူး Marshmallow ပဲတင်သုံးချင်နေပြီဆိုရင်တော့
အောက်ပါလမ်းညွှန်အတိုင်း အလွယ်တကူ တင်သုံးနိုင်ပါပြီ။


လိုအပ်ချက်များ
=========
၁။ မိမိဖုန်းသည် bootloader unlock လုပ်ထားပြီးသားဖြစ်ရပါမယ်။

၃။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၎။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။





Android 6.0 Marshmallow Rom တင်နည်း
============================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ




၃။ ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး
CWM recovery mode သို့ဝင်လိုက်ပါ CWM recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၎။ Marshmallow 6.0.zip နဲ့ Google Apps များကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၅။ CWM recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။

၆။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Marshmallow 6.0.zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။

၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Samsung Galaxy A7 ဖုန်းများမှာ
 Android 6.0.Marshmallow Rom လေးနေပါလိမ့်မယ်။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)



Samsung Galaxy A7 ဖုန်းကို CM13 ထည့်သွင်းပြီး Marshmallow 6.0 တင်နည်း Reviewed by ဇူးနစ် on 12:13 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.