Samsung Galaxy S6 ဖုန်းဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်း
Galaxy S6 ဖုန်းဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဇူးနစ်(နည်းပညာ) တွင် အသစ်သစ်သော Android & iOS Tutorial
များကို အချိန်နဲ့တပြေးညီ တင်ပေးနေခြင်းလည်းဖြစ်ပါတယ်။
လေ့လာလိုက်စားသူများနဲ့ ဆားဗစ်သများများ ဖုန်းကို ကလစ်လိသူ
အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။
ဒီဖုန်းရဲ့ 6.0.1 Marshmallow ကိုလည်း Chainfire ရဲ့ CF-Auto-Root tool ဖြင့်
Odin မှ အလွယ်တကူ Flash ပေးပြီး Root access ရယူနိုင်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Samsung Galaxy S6 ဖုန်းအတွက်
သီးသန့်ဖြစ်ပြီး။ 6.0.1 Marshmallow ကိုသာ Root လုပ်ပြထားခြင်းလည်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy S6 ဖုန်းဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်း
Reviewed by ဇူးနစ်
on
12:06 AM
Rating:

No comments: