Top Ad unit 728 × 90

Description of Image

latest News

recent

Unfortunately Gallery has Stopped error ဖြေရှင်းနည်း


Unfortunately Gallery has Stopped error ဖြေရှင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

စမတ်ဖုန်းနဲ့ သောင်းခြောက်ထောင်သော ပြသနာတွေဟာ
နေ့စဉ်ဘ၀ထဲ ပွဲလမ်းများခင်းနေသလား မှတ်ရတယ်ဗျာ

လာပြန်ပြီနောက်တစ်မျိုး အုံးစားစရာ Error များနဲ့ ဒို့ဘဝ
Fix & Solution ကို Define ပြုလုပ်မယ်ရှိသေး အမျိုးအမည်မရတဲ့
ပြသနာတွေက မတတ်တစ်ခေါက် ကျနော်တို့ကို လှောင်ပြောင်နေသလားလို့

ဘာပဲဖြစ်ဖြစ် ပြသနာရှိရင်တော့ ဖြေရှင်းနည်းဆိုတာက ဘက်စုံရှိနေဦးမှာပါ
ကျယ်ပြန့်လှတယ် ဒီနယ်ပယ် လက်လှမ်းမှီသလောက် လေ့လာ ဖြစ်နိုင်ခြေများကို
Messager အဖြစ်Unfortunately Gallery has Stopped error ဖြေရှင်းနည်းကို
ကြုံကြိုက်နေတဲ့ ဘော်ဒါများအတွက် Message တစ်ခုပေးလိုက်ပါတယ်ခင်ဗျား...


Unfortunately Gallery has Stopped error ဖြေရှင်းနည်း


ဖေါ်ပြပါ ပြသနာဖြေရှင်းနည်းကို မလေ့လာမှ Android စမတ်ဖုန်းတွေမှာ ဖြစ်လေ့ရှိတဲ့ 
'Unfortunately app has stopped' errors ဖြေရှင်းနည်း (၈) မျိုးကိုအရင်လေ့လာကြည့်လိုက်ပါ။




Unfortunately, Settings has stopped Error ဖြေရှင်းနည်းကိုလည်း
ထပ်မံလေ့လာကြည့်လိုက်ပါ


Unfortunately, Settings has stopped Error ဖြေရှင်းနည်း



နည်းလမ်း (၁)

၁။ ဖုန်းမှ Settings ကိုတစ်ချက်နှိပ်လိုက်ပါ

၂။ More ကိုထပ်နှိပ်ပါ

၃။ Application Manager ကိုနှိပ်သွားလိုက်ပါ

၎။ All Application သို့ထပ်သွားလိုက်ပါ

၅။ မိမိဖုန်းတွင် လက်ရှိအသုံးပြုနေတဲ့ apps တွေကို မြင်နေရပါလိမ့်မယ်

Gallery ဆိုတာကိုထပ်နှိပ်လိုက်ပါ။

၆။ Clear Cache နှင့် Clear data များကို ရှင်းထုတ်ပေးလိုက်ပါ

၇။ Home screen သို့ပြန်လာခဲ့လိုက်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

၈။ ပြန်တက်လာတဲ့အခါ Error ကင်းရှင်းသွားပါလိမ့်မယ်။


နည်းလမ်း (၂) 

၁။ ဖုန်းကို ပါဝါပိတ်လိုက်ပါ

၂။ home+Power+Volume Up key များကိုတွဲနှိပ်ထားပါ

၃။ ပထမဆုံး logo မြင်နေရတဲ့အခါ Power ကီးကိုလွှတ်လိုက်ပြီး
 Power+Volume Up များကိုဆက်နှိပ်ထားလိုက်ပါ

၎။ Android logo ကိုမြင်နေရတဲ့အခါ ကီးအားလုံးကို လွှတ်လိုက်ပါ

၅။ wipe cache partition သို့သွားလိုက်ပါ

(အောက်သို့ ဆင်းသည့် ခလုပ်က Down key ဖြစ်ပြီး အပေါ်သို့ တက်သည့်ခလုပ်က
 Vol up key အတည်ပြုပေးတဲ့ခုလပ်က Power key ဖြစ်ပါတယ်)

၆။ 'Yes' ကိုနှိပ်ပေးလိုက်ပါ

၇။ Process တစ်ခုပြီးဆုံးအောင်စောင့်နေလိုက်ပါ၊

၈။ အားလုံးပြီးသွားရင်တော့ ‘Reboot system now’ ကိုနှိပ်ပေးပြီး

ဖုန်းကို Restart ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ error ကင်းရှင်းပါပြီ။


နည်းလမ်း (၃) 

၁။ ဖုန်းကို ပါဝါပိတ်လိုက်ပါ

၂။ home+Power+Volume Up key များကိုတွဲနှိပ်ထားပါ

၃။ ပထမဆုံး logo မြင်နေရတဲ့အခါ Power ကီးကိုလွှတ်လိုက်ပြီး
 Power+Volume Up များကိုဆက်နှိပ်ထားလိုက်ပါ

၎။ Android logo ကိုမြင်နေရတဲ့အခါ ကီးအားလုံးကို လွှတ်လိုက်ပါ

၅။ wipe data / factory reset သို့သွားလိုက်ပါ

(အောက်သို့ ဆင်းသည့် ခလုပ်က Down key ဖြစ်ပြီး အပေါ်သို့ တက်သည့်ခလုပ်က 
Vol up key အတည်ပြုပေးတဲ့ခုလပ်က Power key ဖြစ်ပါတယ်)

၇။ Process တစ်ခုပြီးဆုံးအောင်စောင့်နေလိုက်ပါ၊

၈။ အားလုံးပြီးသွားရင်တော့ ‘Reboot system now’ ကိုနှိပ်ပေးပြီး
ဖုန်းကို Restart ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ error ကင်းရှင်းပါပြီ။



အားလုံးကိုကျေးဇူးတင်ပါတယ်


ဇူးနစ်(နည်းပညာ) 




Unfortunately Gallery has Stopped error ဖြေရှင်းနည်း Reviewed by ဇူးနစ် on 7:25 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.