Xiaomi Mi 5 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Xiaomi Mi 5 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
Mi 5 ဘော်ဒါများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိမိဖုန်းကို Root ပြုလုပ်ချင်တယ်ဆိုရင်တော့ Custom Recovery ကို
အရင်ထည့်သွင်းသင့်ပါတယ်၊ Custom Recovery ကိုထည့်သွင်းပြီးတဲ့အခါ
SuperSu ဖြင့် Recovery mode မှအလွယ်တကူ Flash ပေးယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Twrp recovery ထည့်သွင်းနည်းသည် Xiaomi Mi 5 ဖုန်းအတွက်
သီးသန့်ဖြစ်ပါတယ်၊ တစ်ခြား Device တွင် ထည့်သွင်းခြင်းမျိုးလုံးဝမပြုလုပ်ပါနဲ့။
ကွန်ပျူတာတွင် လိုအပ်မယ့် ADB USB Driver ကိုသေချာအောင်ပြုလုပ်ထားပါ
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။
လိုအပ်တာများကိုအရင်ရယူလိုက်ပါ
How to install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ
ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
“recovery.img” ဟု နာမည်ပြောင်းပေးလိုက်ပြီး ADB & Fastboot Folder
ထဲမှာထည့်ထားလိုက်ပါ
၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
"adb reboot bootloader"
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“fastboot flash recovery recovery.img”.
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
"fastboot reboot"
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Xiaomi Mi 5 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
9:41 PM
Rating:

အကို bootloader unlock လုပ်ထားရမှာလား
ReplyDeleteminote 3 root ဘယ်လိုလုပ်လဲ
ReplyDelete