Top Ad unit 728 × 90

Description of Image

latest News

recent

ZTE Blade X9 ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်း


ZTE Blade X9 ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader unlock & TWRP ထည့်
သွင်းပြီးမှ Supersu ဖြင့် Recovery mode ကနေ Flash ပေးယူရမှာပါ။


လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader unlock ပြုလုပ်ထားရပါမယ်

၂။ TWRP Recovery ထည့်သွင်းရပါမယ်

၃။ BETA-SuperSU-v2.68.zip ဖြစ်နေရပါမယ်။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ

အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ

ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
 Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။






How to Root ZTE Blade X9
===================
ကွန်ပျူတာတွင်လိုအပ်မယ့် ADB Fastboot Driver ကိုသေချအောင်ပြုလုပ်ပါ။

ဒေါင်းလော့ရလာတဲ့ SuperSU zip file ကို SD Card သို့ထည့်ပါ

ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
recovery twrp.img ဆိုပြီး နာမည်ပြောင်းပေးလိုက်ပါ။

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ

recovery file ကို Fastboot Folder ထဲမှာထားလိုက်ပါ။

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

fastboot devices

Devices အချင်းချင်းသိပြီဆိုတာနဲ့ အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ

“fastboot oem unlock”.

အချိန်အနည်းငယ်စောင့်ပေးလိုက်ပါ။

အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“fastboot flash recovery recovery.img”.

Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။

fastboot reboot

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။

Recovery Mode သို့ရောက်သွားတဲ့အခါ SD Card တွင်ရှိသော
SuperSu.zip ဖိုင်ကို ထည့်သွင်းပေးရန်အတွက်

install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။




အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 




ZTE Blade X9 ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်း Reviewed by ဇူးနစ် on 8:37 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.