Top Ad unit 728 × 90

Description of Image

latest News

recent

အကြမ်းဖက် တိုက်ခိုက်မှုများ သတိပေးမည့် app ကို ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ပြင်သစ်ဖြန့်ချီ


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ကျင်းပနေချိန်အတွင်း ပဲရစ်မြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် တည်နေရာအခြေခံ အကြမ်းဖက်တိုက်ခိုက်မှု သတိပေးချက်များအား သုံးစွဲသူများထံ ပေးပို့ပေးမည့် app တစ်မျိုးကို ပြင်သစ်အစိုးရက ဖန်တီးခဲ့သည်။


iPhone နှင့် Android ပေါ်တွင် အသုံးပြုနိုင်မည့် SAIP (Système d’alerte et d’information des populations) app သည် တည်နေရာအချက်အလက်ကို အသုံးပြုကာ အန္တရာယ်ရှိသော နေရာများနှင့် နီးကပ်နေသူများကို ခွဲခြားဖော်ထုတ်ပြီး လုပ်ဆောင်ရမည့်အကြံပြုချက်များကို အလိုအလျောက်ပေးပို့ပေးမည် ဖြစ်သည်။ အဆိုပါ app ကို ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာစကားဖြင့် အသုံးပြုနိုင်သည်။

ထို့အပြင် app သုံးစွဲသူများအနေဖြင့် လူမှုရေးမီဒီယာပေါ်တွင် တိကျသော အချက်အလက်များ ပျံ့နှံ့စေရန်အတွက် သတိပေးချက်များကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

SAIP iPhone app ကို iTunes မှ download ပြုလုပ်နိုင်ပြီး Android သုံးစွဲသူများကမူ
 Google Play store မှ ရယူနိုင်သည်။



Ref: 9to5mac


Internet Journal



အကြမ်းဖက် တိုက်ခိုက်မှုများ သတိပေးမည့် app ကို ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ပြင်သစ်ဖြန့်ချီ Reviewed by ဇူးနစ် on 8:22 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.