Galaxy S5 All Models ဖုန်းများကို Android 6.0.1 Marshmallow Root လုပ်နည်း
Galaxy S5 All Models ဖုန်းများကို Root လုပ်ချင်တဲ့
ညီအကိုများအတွက် Android 6.0.1 Marshmallow Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ အရင်လည်းတင်ပေးပြီးဖြစ်မယ်ထင်ပါတယ်။
ဒီဖုန်းများရဲ့ Android 6.0.1 ကိုလည်း Chainfire ရဲ့ CF-Auto-Root tool ဖြင့်
Chainfire ရဲ့ CF-Auto-Root သည် One Click Root apk များထက်
ကောင်းမွန်တယ်လို့ထင်ပါတယ်၊ တစ်ခါတလေ Kingroot apk ဖြင့်
အဆင်ပြေတယ်ဆိုပေမယ့် အခန့်မသင့်ရင် Firmware က brick ဖြစ်တာ
များပါတယ်၊ ဒါကြောင့် မိမိဖုန်းကို Root လုပ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့
အလွယ်ကူဆုံး နည်းလမ်းများဖြင့် brick ဖြစ်ခြင်းနည်းပါးပြီး စိတ်ချရတဲ့
ဒီ Chainfire ရဲ့ CF-Auto-Root ကို အသုံးပြုစေချင်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S5 All Models ဖုန်းများအတွက်
သီးသန့်ဖြစ်ပြီး။ Android 6.0.1 ကိုသာ Root လုပ်ပြထားခြင်းလည်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
CF Auto Root For Samsung Galaxy S5 All Models
CF-Auto-Root for Samsung Galaxy S5 SM-G900S
CF-Auto-Root for Samsung Galaxy S5 SM-G900K
CF-Auto-Root for Samsung Galaxy S5 SM-G900L
CF-Auto-Root for Samsung Galaxy S5 SM-G900K
CF-Auto-Root for Samsung Galaxy S5 SM-G900L
CF-Auto-Root for Samsung Galaxy S5 SM-G900I
CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org

Reviewed by ဇူးနစ်
on
10:11 AM
Rating:

No comments: