Google Nexus 6P ဖုန်းကို Paranoid Android custom ROM တင်နည်း
Google Nexus 6P ဖုန်းကို Paranoid Android custom ROM တင်နည်းကို
Google Nexus 6P ကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက် မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Paranoid Android 6.0 Marshmallow custom ROM ကို
တင်သုံးမယ်ဆိုရင်တော့ ဖုန်းကို Root လုပ်ပြီး Custom Recovery များထည့်
သွင်းပြီးမှ အဆင်ပြေမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
========
၁။ ဖေါ်ပြပါ နည်းလမ်းသည် Google Nexus 6P ဖုန်းအတွက် သီးသန့်ဖြစ်ပါတယ်။
တစ်ခြား Device များအတွက်မဟုတ်သည့်အတွက် ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
၂။ မိမိဖုန်းမှာ Root လုပ်ထားပြီးသား ဖြစ်နေရပါမည်။
၃။ မိမိဖုန်းမှာ Custom Recovery ထည့်သွင်းထားရပါမည။

ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

Nexus 6P ဖုန်းကို One click Root Toolkit ဖြင့် Custom Recovery သွင်းပြီး Root လုပ်မယ် [100% Working]
Paranoid Android custom ROM တင်နည်း
========================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။
၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ
၃။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၎။ Paranoid Android custom ROM ကို
ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။
၅။ Power and Volume Down များကိုတွဲနှိပ်ပြီး
Custom recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။
၆။ Custom recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Paranoid Android custom ROM ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Google Nexus 6P ဖုန်းမှာ
Paranoid Android custom ROM လေးနေပါလိမ့်မယ်။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Google Nexus 6P ဖုန်းကို Paranoid Android custom ROM တင်နည်း
Reviewed by ဇူးနစ်
on
1:35 PM
Rating:

No comments: