Top Ad unit 728 × 90

Description of Image

latest News

recent

Intel ၏ 10-core Broadwell-E CPU အကြောင်း သိကောင်းစရာ အချက် (၁၀) ချက်


Intel ၏ အသစ်ထွက်ရှိလာသော Core i7-6950X တွင် စွန့်ဦးတီထွင်မှုတစ်ခု အဖြစ် 10 cores ပါဝင်လာသည်။ ထို့အတွက်ကြောင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၏ မှတ်တိုင်ဖြစ်သော 10-core ချစ်ပ်နှင့် ပတ်သက်သည့် အချက် (၁၀)ချက်ကို ဖော်ပြလိုက်ပါသည်။


(၁) 10 core ပါဝင်ခြင်း

Intel ၏ Broadwell-E ချစ်ပ်များတွင် အကောင်းဆုံးနှင့် အထင်ရှားဆုံးမှာ 10-core Core i7-6950X ဖြစ်သည်။ ၎င်းတွင် ၂၀၁၅ ခုနှစ်က ထွက်ရှိထားသည့် laptop များ၌ တွေ့နိုင်သော “ပဉ္စမမြောက်မျိုးဆက်” အခြေခံအကျဆုံး core များအသုံးပြုထားပြီး 14nm (nanometer) လုပ်ငန်းစဉ် ရရှိစေရန် တည်ဆောက်ထားသည်။ ၎င်းချစ်ပ်တွင် Hyper-Threading နည်းပညာအသုံးပြုထားသောကြောင့် ကွန်ပျူတာ အလုံး ၂၀ တွက်ချက်နိုင်သည့် စွမ်းအင်မျိုး ရရှိမည် ဖြစ်သည်။

ထို့အပြင် ယခုထုတ်ကုန်သည် သာမန်သုံးစွဲသူများစွာကို ရည်ရွယ်သည့် ပထမဆုံး 10 core x86 ချစ်ပ်ဖြစ်သည်။ လက်ရှိထွက်ပေါ်နေသည့် 10 core ပါဝင်သော Xeon ပရိုဆက်ဆာများသည် သုံးစွဲသူ အမြောက်အမြားအတွက် ရည်ရွယ်ထားခြင်း မရှိပေ။

(၂) မော်ဒယ်လေးမျိုး ထုတ်လုပ်ထားခြင်း

Intel သည် စွမ်းဆောင်ရည်အမြင့် 10-core Core i7-6950X အပြင် 8-core Core i7-6900K, 6-core Core i7-6850K နှင့် တန်ဖိုးနည်း 6-Core Core i7-6800K တို့ကိုလည်း မိတ်ဆက်ခဲ့သေးသည်။ တန်ဖိုးနည်း ချစ်ပ်နှင့် အခြား ချစ်ပ်များ၏ အဓိက ကွာခြားမှုမှာ ၎င်း၏ PCle စွမ်းဆောင်ရည်ကို 28 lane အထိလျှော့ချထားသည်။ ကျန်ချစ်ပ် ၃ ခုတွင်မူ 40 lane ပါဝင်လာသည်။

(၃) အခြား motherboard များနှင့် တွဲဖက်အသုံးပြုနိုင်ခြင်း

အဆိုပါ ချစ်ပ် ၄ မျိုးစလုံးသည် LGA2011-V3 socket အသုံးပြု၍ ထွက်ရှိပြီးသားနှင့် X99 အခြေခံ motherboard သစ်များနှင့် တွဲဖက်အသုံးပြုနိုင်သည်။ ထိုသို့ အသုံးပြုရန် BIOS ကို update ပြုလုပ်၍ Intel ၏ Broadwell-E ချစ်ပ်သစ်ကို ထည့်သွင်းအသုံးပြုနိုင်သည်။

သို့သော်လည်း သတိပြုရန်မှာ board အဟောင်းများနှင့် Broadwell-E တို့အကြားရှိ ပြဿနာများကို ကြိုတင်သိနိုင်ခြင်း မရှိကြောင်း သတိပေး ပြောကြားထားသည်။

(၄) Turbo Boost Mas Technology 3.0 ပါဝင်ခြင်း

Intel ၏ Turbo Boost Max Technology 3.0 သည် Broadwell-E CPU များတွင် မူပိုင်အဖြစ် ပါဝင်လာသည်။ ပထမဦးစွာ Intel သည် အသုံးချနိုင်မည့် အကောင်းဆုံး core များကို ရှာဖွေပေးသည်။ ထို့နောက်တွင် OS (Windows 7, 8 နှင့် 10 အထောက်အပံ့) ထဲသို့ driver install ပြုလုပ်ရမည် ဖြစ်သည်။ ၎င်း CPU ကို အသုံးပြုရာတွင် မြန်ဆန်စွာ အသုံးပြုနိုင်စေရန် OS နှင့်ပေါင်းစပ်ပေးသည်။
လက်တွေ့အသုံးပြုရာတွင် Core i7-6950X သည် Turbo Boost Max 3.0 မပါဝင်ဘဲ core တစ်ခုကိုပင် 3.5GHz အထိ ထိန်းကျောင်းနိုင်သည်။ Turbo Boost Max 3.0 ကိုဖွင့်လိုက်ပါက core တစ်ခုတွင် 4GHz အထိ ထိန်းကျောင်းနိုင်သည်။

ထို့အပြင် Turbo Boost Max 3.0 သည် OS က CPU core တစ်ခုချင်းစီထံသို့ အလုပ်တာဝန်များကို ပါးနပ်စွာလွှဲပြောင်းပေးနိုင်ရန် ထောက်ကူပေးမည် ဖြစ်သည်။

(၅) Core တစ်ခုချင်းစီကို overclocking ပြုလုပ်နိုင်ခြင်း

Broadwell-E တွင် သုံးစွဲသူကို core တစ်ခုချင်းစီအား overclock ပြုလုပ်ခွင့်ပေးထားသည်။ Haswell-E တွင် သုံးစွဲသူများက core များကို overclock ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် အသုံးပြုနေသည့် core ၂ ခုကို 4.5GHz အထိ overclock ပြုလုပ်ထားသည်။ OS နှင့် Haswell-E တို့သည် မည်သည့် core များကိုမဆို overclock ပြုလုပ်နိုင်သည်။ Broadwell-E တွင်မူ Core 1 နှင့် Core 5 ကိုရွေးချယ်၍ overclock ပြုလုပ်နိုင်သည်။

(၆) Overclock ပြုလုပ်၍သုံးစွဲရာတွင် သင့်တင့်စွာ အသုံးပြုနိုင်ခြင်း

Intel ၏ 10 core Core i7-6950X တွင်ပါဝင်သော core အားလုံးကို 4GHz အထိ overclock ပြုလုပ်၍ စမ်းသပ်ခဲ့ရာ ဗို့အားများ လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း တွေ့ရသည်။ ထို့နောက်တွင် thread load တစ်ခုတွင် အကောင်းဆုံး အဖြစ် 4.5GHz အထိမြှင့်တင်၍ စမ်းသပ်ခဲ့သည်။ စမ်းသပ်အသုံးပြုစဉ်အတွင်း သို့မဟုတ် benchmark များ ပြုလုပ်နေစဉ်တွင် ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပေ။

(၇) Redstone ထောက်ပံ့မှု ပါဝင်လာခြင်း

လုပ်အားများကို core တစ်ခုချင်းစီလွှဲပြောင်းနိုင်သည့် Redstone update မှာ Windows 10 တွင် ပါဝင်လာမည် ဖြစ်ကြောင်း Motherboard ထုတ်လုပ်သူများက ပြောကြားထားသည်။

(၈) မယုံကြည်နိုင်လောက်အောင် မြန်ဆန်ခြင်း

Intel သည် Broadwell-E ဖြင့် quad-core CPU များကို ယှဉ်ပြိုင်သွားရန် ရည်မှန်းထားသည်။ Intel ၏ချစ်ပ်များတွင် core ၆ ခု၊ ၈ ခု သို့မဟုတ် ၁၀ ခု ပါဝင်လာသည်။ စမ်းသပ်မှုများအရ Intel 10-Core i7-6950X သည် quad-core Core i7-6700K ထက်သာလွန်ကြောင်း တွေ့ရှိရသည်။

(၉) ကွန်ပျူတာအချို့တွင်သာ အသုံးပြုနိုင်ခြင်း

Intel ၏ Broadwell-E ချစ်ပ်စွမ်းဆောင်ရည်မျိုးကို ကွန်ပျူတာတချို့တွင်သာ အသုံးပြုနိုင်သည်။ အဆိုပါ 10-core Boradwell-E တွင် compute thread များစွာပါဝင်ပြီး တစ်ချိန်တည်းတွင် တာဝန်များအားလုံး ပြုလုပ်ရန် ခက်ခဲသည်။ ဥပမာအားဖြင့် အမျိုးမျိုးသော အလုပ်များကို လုပ်ဆောင်ရန် ချစ်ပ်ကို အပြည့်အဝ အသုံးချခြင်းဖြစ်သည်။ အကယ်၍ တစ်ရက်အတွင်း Adobe Premiere Pro Creative Cloud နှင့် browser တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုပါက CPU မှာ အလုပ်ဝန်ပိမည် ဖြစ်သည်။ အကယ်၍ Premiere Pro Creative Cloud နှင့်အတူ 3D ပုံရိပ်ဖော်စနစ်ကို အသုံးပြုခြင်းနှင့် Adobe AfterEffects နှင့် browser တို့ကို တွဲဖက်အသုံးပြုလျှင် ချစ်ပ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

(၁၀) အလွန်အမင်း ဈေးနှုန်းမြင့်မားခြင်း

Intel ၏ Broadwell-E 10-core Core i7-6950X ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁,၇၂၃ ဖြစ်သည်။ အခြားမော်ဒယ်များဖြစ်သော 8-core Core i7-6900K မှာ ၁,၀၈၉ နှင့် 6-core i7-6850K မှာ ကန်ဒေါ်လာ ၆၁၇ ဖြစ်သည်။ တန်ဖိုးနည်း 6-core Core i7-6800K မှာမူ ကန်ဒေါ်လာ ၄၃၄ ကျသင့်မည် ဖြစ်သည်။



Ref: PCMag



Credit: စိုးထက်



Internet Journal




ဇူးနစ်(နည်းပညာ) 





Intel ၏ 10-core Broadwell-E CPU အကြောင်း သိကောင်းစရာ အချက် (၁၀) ချက် Reviewed by ဇူးနစ် on 4:34 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.