Top Ad unit 728 × 90

Description of Image

latest News

recent

LeEco Le 1s Eco ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

LeEco Le 1s Eco ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် တင်ပေးလိုက်ပါတယ်။

မိမိဖုန်းကို Root လုပ်ပြီးရင်တော့ Google Play Store မှ applications များကို
အသုံးပြုနိုင်မှာဖြစ်သလို Titanium backup app, Dumpster, ROM Toolbox,
System App Remover, Greenify, and Tasker အစရှိတဲ့ ဆော့ဝဲများကိုလည်း
Root user တစ်ယောက်အနေဖြင့် အပြည့်အ၀ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Root Access ရရှိထားပြီး ဖြစ်တဲ့ သင့်ဖုန်းကို Stock Rom နဲ့မပျော်တော့ဘူး
Custom Rom လည်းတင်သုံးချင်သပါ့ ဆိုရင်လည်း အဆင်ပြေပါတယ်။


လိုအပ်ချက်များ
=========
၁။ ဖေါ်ပြပါ နည်းလမ်းသည် LeEco Le 1S Eco ဖုန်းအတွက် ဖြစ်ပါတယ်။
အခြား ဖုန်းများကို ထည့်သွင်းအသုံးပြုခြင်းမျိုးမပြုလုပ်ပါရန်။

၂။ မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။

၃။ ADB Fastboot zip & TWRP Recovery for the LeEco Le 1S Eco

 ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။













How to install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး
TWRP file ကို ADB & Fastboot Folder မှာထည့်ထားလိုက်ပါ။

၃။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။


“adb reboot bootloader”


၅။ အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


“fastboot flash recovery twrp.img”


၆။ Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီးပေးပြီး Enter ကိုခေါက်ပါ။


“fastboot reboot”


၇။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။



အဆင်ပြေပါစေ



ဇူးနစ်(နည်းပညာ)



www.zunite.org

LeEco Le 1s Eco ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 8:56 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.