Lenovo A7000 ဖုန်းကို MIUI 7.3.2.0 Custom Rom တင်နည်း
Lenovo A7000 ဖုန်းကို MIUI 7.3.2.0 Custom Rom တင်သုံး
ချင်တဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် MIUI 7.3.2.0 Custom Rom ကတော့
Android Version : 5.1 (Lollipop) ပဲဖြစ်ပါတယ်။

ပါဝင်လာတဲ့ Features များက Custom Rom ကိုသဘောကျတဲ့
သူတွေအတွက် အကြိုက်တွေ့နိုင်မယ့် Rom လေးဖြစ်မယ်ထင်ပါတယ်။
ဒီဖုန်းအတွက် MIUI 7.3.2.0 က Custom Rom ဖြစ်တဲ့အတွက်
မိမိဖုန်းတွင် Root ဖောက်ထားပြီးသား Custom Recovery တစ်ခုခု
ထည့်သွင်းထားပြီး ဖြစ်နေမှ အလွယ်တကူ Flash တစ်ခုပြုလုပ်ယူနိုင်တယ်။
လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။
၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။
ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

Features
=======
Pre-rooted
Gapps included
Multilanguage
Security Patch update till April
Camera pink bug fixed
Playstore lag fixed
Music player fc fixed
Ultralight
Xposed framework supported
Custom themes
Added Labankey
Removed Chinese app
Improve battery life, quick charge ~ 1980mAh
Included many apps
Dolby Atmos
MaxxAudio

MIUI 7.3.2.0 Custom Rom တင်နည်း
=======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။
၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ
Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခု

၃။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၎။ MIUI 7.3.2.0 Custom Rom နဲ့ gapps and logo-fix များကို

ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။
၅။ Volume Down + Power များကိုတွဲနှိပ်ပြီး

Custom recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။
၆။ Custom recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး MIUI 7.3.2.0 Custom Rom ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၈။ ပြီးသွားတဲ့အခါ gapps and logo-fix များကိုလည်း နည်းတူ Flash ထပ်ပေးပါ။
၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Lenovo A7000 ဖုန်းမှာ
MIUI 7.3.2.0 Custom Rom လေးနေပါလိမ့်မယ်။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Reviewed by ဇူးနစ်
on
8:38 PM
Rating:

No comments: