Top Ad unit 728 × 90

Description of Image

latest News

recent

LeTv 1S (LeEco Le 1S) ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

LeTv 1S (LeEco Le 1S) ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်ချင်တယ်ဆိုရင်တော့
မိမိဖုန်းကို Bootloader unlock ပြုလုပ်မှာဖြစ်သလို၊ Custom Recovery ပါ
ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။

ဒီဖုန်းကို Custom Recovery ထည့်သွင်းမယ်ဆိုရင်တော့ SP Flash Tool ကနေ
Recovery scatter ဖိုင်ဖြင့်ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။


ဖုန်းမှာတော့ Bootloader Unlock ပြုလုပ်ထားပြီးသား
ဖြစ်နေရပါမယ်၊ အောက်ကလင့်မှာကြည့်လိုက်ပါ။





လိုအပ်ချက်များ
==========
SP FLASH TOOL

ADB DRIVER INSTALLER

ADB TOOLS

Recovery.img & User data.img


လိုအပ်တာများဒေါင်းလော့ရယူပါ










Install TWRP Recovery
================
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ

ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။

Flash Tool မှ Download agent နေရာကိုတစ်ချက်နှိပ်ပြီး
DA_PL.bin ဆိုတာကိုရွေးချယ်ပေးလိုက်ပါ။

Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
“Scatter.txt” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။

Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။

ပြီးသွားတဲ့အခါ Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ Custom Recovery ကိုထည့်သွင်းပြီးပါပြီ။



ဇူးနစ်(နည်းပညာ) 





LeTv 1S (LeEco Le 1S) ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 6:22 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.