Qualcomm QDLoader Driver ကို Manual အနေဖြင့် ထည့်သွင်းနည်း
Qualcomm QDLoader Driver ကို Manual အနေဖြင့် ထည့်သွင်းနည်းကို
ဖုန်းကလစ်သူများနဲ့ ဆားဗစ်သမား ဘော်ဒါများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဖုန်းကလစ်တော့မယ်ဟေ့ ဆိုရင်တော့ USB Driver ကိုသွားသတိရကြမှာပါ
ဘယ်ဖုန်းမဆို USB ကြိုးလေးနဲ့ ချိတ်ဆက်လိုက်တာနဲ့ Driver သိနေတဲ့
ကွန်ပျူတာမျိုးလေး ပိုင်ဆိုင်ချင်ကြချည်းပဲလေ...။

ဖုန်းတော့ $ အမုန်း ကလစ်ပစ်ချင်တယ် Driver သိပါ့မလားဆိုတဲ့ အတွေးလေး
တွေးမိတိုင်း ... ဟင်း... ဆိုတဲ့ စိတ်ချော့လိုက်ချင်တဲ့ သက်ပြင်းချသံကို
သိုင်းလောကထဲ ကြားမိနေကြမှာပဲဖြစ်မှာပါ...။
ဝါသနာ ပါလာတာလား မပြောနဲ့ မနက်သာ လင်းသွားမယ်
ဒီ $$$ ပိုးသတ်မသေဘူး... မျက်လုံးနဲ့ကွန်ပျူတာ ပူးကပ်မတတ်ပဲ ...
ဟာကွာ...ကွန်ပျူတာက ဘာဖြစ်နေတယ်မသိဘူး 2016 ခုရောက်တာနဲ့
ပြဿနာပေါင်း သောင်းခြောက် ရှင်းမနိုင်တော့ဘူး သိုင်းစာအုပ်တောင်
ပြန်အပ်လိုက်ပြီး အိမ်ပြန်ဖို့ အထုပ်ဆွဲရတော့မယ့် အခြေအနေလေး...
ကံကြမ္မာရယ် အလှည့်ပေးပါကွယ်... ဆိုင်းတီးဆိုင် ရဲ့ သီချင်းစာသားလေး...
မထူးပါဘူးကွာ အလုပ်သာ အပျက်ခံတော့မယ် မရမချင်း အမူးဆွဲပစ်လိုက်တော့မယ်...။
စသည့် Feeling ကြီးအတွက် တစ်ဖက်တစ်လမ်းက ဒုက္ခပေး အကြံကုန် လက်ပန်းကျ
စေနိုင်တာကတော့ အထူးသဖြင့် Qualcomm ဖုန်းများအတွက် USB Driver ကို
Windows 7, 8, 8.1, or 10 များကို အသုံးပြုနေကြတဲ့ လူတိုင်း ပြေးမလွတ်တဲ့
လွယ်မယောင်နဲ့ ခက်ခဲနေတဲ့ အရေးကြီးတဲ့ Package တစ်ခုဖြစ်မယ်ထင်ပါတယ်။
လေရှည်လိုက်တာ လိုရင်းမရောက်ဖူး ... အဟီး
ဖတ်ဖြစ်အောင် ဖတ်နော်
ပြီးတော့ ဒေါင်းလော့ပြီး လုပ်ဖြစ်အောင်လုပ်ထားပေါ့
Share ပိုစ့်လေးတွေ ဖတ်ရင်း မိမိဖုန်းကို ကလစ်ရင်းက အများကိုကူညီ
လုပ်ကြည့်ရင်း ထပ်လုပ်ကြည့်ချင်စိတ်ဖြစ်လာပြီး သိုင်းလောက နယ်ပယ်ထဲ
ရောက်လာမှန်းမသိ တစ်ဖြေးဖြေးချင်း ၀င်ရောက်မိနေတောတာလား...
သေချာတယ် သင်ဒီပိုစ့်ကို ပြီးဆုံးအောင်ဖတ်ပြီး နာမည်ကြီး
Qualcomm-based chipset ကို အခြေံထားတဲ့ စမတ်ဖုန်းများရဲ့
Driver ဆိုင်ရာနည်းလမ်းကို ဖတ်ဖြစ်အောင် ဖတ်ပြီး နည်းလမ်းကျကျ
ကြိုတင် ပြင်ဆင်းထားပါမှ သင့်အတွက် 85% လောက် စိတ်အေးအေးဖြင့်
ကလစ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
အနီးကပ်ဆုံး ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့
Xiaomi devices များဖြစ်ကြတဲ့ Redmi Note 3, Mi 4, Mi 5 များ
အပါအ၀င် များစွာသော Qualcomm-based chipset ဖုန်းများကို
USB Driver ဆိုင် ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ဒီ Driver ကို
ဒေါင်းလော့ပြီး ထည့်သွင်းထားလိုက်ပါလို့ အကြံပြုပြောကြားချင်ပါတယ်။

လိုအပ်ချက်များ
========
၁။ Qualcomm QDLoader Drivers package.
၂။ ADB USB Drivers or Mi PC Suite.
၃။ Minimal Fastboot files.
၎။ Any MIUI device (Qualcomm Snapdragon)
၅။ A USB cable.
၆။ Windows 7, 8, 8.1 or 10

Qualcomm QDLoader USB Drivers
Download ADB USB Drivers
Xiaomi ဖုန်းတွေအတွက် Mi PC Suite
Download Here ADB & Fastboot Zip
Qualcomm QDLoader Driver ထည့်သွင်းနည်း
==========================
Qualcomm QDLoader Driver ကို Manual အနေဖြင့်
ထည့်သွင်းနည်းကို တတ်နိုင်သလောက် ပုံလေးတွေဖြင့်
ရှင်းပြပေးထားပါတယ်၊ အောက်မှာလေ့လာကြည့်လိုက်ပါ။

၁။ ဒေါင်းလော့ရလာတဲ့ Qualcomm QDLoader.zip ကိုဖြည်လိုက်ပါ။
၂။ မိမိကွန်ပျူတာတွင် ADB USB Drivers နဲ့ Mi PC Suite များထည့်သွင်း
ထားခြင်း မရှိသေးရင်တော့ ထည့်သွင်းလိုက်ပါ၊ အဲဒီ Driver တွေလည်း
ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှုအတွက် recognize ဖြစ်နိုင်တာပဲဖြစ်ပါတယ်။

၃။ Minimal Fastboot.zip file ကိုဖြည်လိုက်ပါ။
၎။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၅။ ဖုန်းကို ပါဝါပိတ်ပြီး Fastboot Bunny logo မြင်ရသည်အထိ
Volume Down or Up + Power များကိုတွဲနှိပ်၍ Fastboot mode သို့ဝင်လိုက်ပါ။
၆။ ဖုန်းကို USB Cable ကြိုးထိုးပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ပါ။

၇။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

Command Box တွင် အောက်ပါစာကြောင်းများကို မှန်ကန်အောင်
ရိုက်ထည့်ပြီး တစ်ကြောင်းပြီးတိုင်း Enter ကိုခေါက်ပါ။

adb version
adb devices
adb reboot edl
adb devices
adb reboot edl
မိမိဖုန်းမှာ EDL mode သို့ရောက်သွားပါလိမ့်မယ်။
၉။ ကွန်ပျူတာမှ Device Manager ကိုဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်း
New Deivce က Install မပြုလုပ်ရသေးကြောင်းပြနေပါလမ့်မယ်။

Other devices ရဲ့ အောက်မှာ “QHSUSB_BULK” ဆိုပြီးပြနေပါလိမ့်မယ်။
၁၀။ အောက်ပါပုံအတိုင်း “QHSUSB_BULK” နေရာကို Right-click တစ်ချက်
ထောက်ပြီး “Update Driver Software“ ဆိုပြီးနှိပ်လိုက်ပါ။

၁၁။ ပုံပါအတိုင်း အနီရောင်ဖြင့်ဝိုင်းပြထားတဲ့ Driver software အတါက်
“Browse my computer for driver software“ ကိုနှိပ်ပေးလိုက်ပါ။

၁၂။ Browse နေရာကိုတစ်ချက်ထပ်နှိပ်ပေးပြီး Qualcomm QDLoader drivers ရှိတဲ့
နေရာကိုသွားလိုက်ပြီး Driver Folder ကိုရွေးချယ်ပြီး OK ကိုနှိပ်ပေးလိုက်ပါ။
၁၃။ အောက်ပါပုံအတိုင်း Windows Security ဆိုင်ရာတက်လာတဲ့အခါ
“Install this driver software anyway“ ကိုသာရွေးချယ်ပေးလိုက်ပါ။
၁၄။ အောက်ပါပုံအတိုင်း မြင်နေရရင်တော့ Qualcomm HS-USB QDLoader ကို
ထည့်သွင်းခြင်း အောင်မြင်ပြီးစီးကြောင်း ဖြစ်ပါတယ် Close ကိုနှိပ်လိုက်ပါ။
၁၅။ Device Manager မှာ Ports (COM & LPT) ရဲ့အောက်မှာ
“Qualcomm HS-USB QDLoader 9008 (COM10)” ဆိုပြီးပြနေရင်တော့
Qualcomm QDLoader Driver ကို Manual အနေဖြင့် ထည့်သွင်းခြင်းပြီးဆုံးပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
www.zunite.org

Reviewed by ဇူးနစ်
on
10:44 PM
Rating:

No comments: