Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy ဖုန်းများအတွက် Full Firmware များကို Samsung Servers မှ Directly လင့်ဖြင့် ဒေါင်းလော့နည်း


Samsung Galaxy ဖုန်းများအတွက် Full Firmware များကို Samsung Servers မှ
Directly လင့်ဖြင့် ဒေါင်းလော့ရယူနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လိုအပ်မယ်ထင်လို့ အကြိမ်ကြိမ်စဉ်းစားပြီးမှာ ဒီိပိုစ့်လေးကိုရေးဖြစ်သွားတာပါ
ဒါလေးကို မပြောပြခင်လေး Windows ဆိုရင် အနီးကပ်ဆုံး ဥပမာလေး တစ်ခုပြောပြချင်ပါတယ်။



ကွန်ပျူတာပိုင်းတွင် Windows 10 ကြီးအတွက် Official ဆိုက်မှ Update ဗားရှင်းကို
ချပေးလာတော့ Media Creation Tool ဖြင့် Windows 10 ISO file တစ်ခုကိုဖန်တီးပြီး
တိုက်ရိုက် Upgrade ပြုလုပ်ယူနိုင်ကြသလိုပေါ့

ပြီးတော့ အရင်လို Windows ISO File ကိုလည်းဒေါင်းလော့ရယူစရာမလိုသလို
Boot image & USB Flash Windows လည်းဖန်တီးစရာလည်းမလိုတော့ပဲ
အဲဒီ Tool တစ်ခုတည်းဖြင့် Windows 10 ကို အလွယ်တကူ တင်ယူနိုင်ပါတယ်။

ဒါက Operating System ချင်းမတူညီကြပေမယ့်လည်း သဘောတရားက
ထပ်တူလိုပါပဲ တစ်ဖက်ကို နားလည်သဘောပေါက်ခဲ့ရင် ကျန်တဲ့ အစိတ်အပိုင်းများကို
လေ့လာရင်း Data Collection ပြုလုပ်ပြီး Compare ပြုလုပ်သွားဖိုပါပဲခင်ဗျား

ယခုပိုစ့်သည်ကား Android Tutorial ဖြစ်သော်ငြားလည်း Samsung Galaxy ဖုန်းများအတွက်
Full Firmware များကို Samsung Servers ဖြင့် Directly လင့်ဖြင့် ဒေါင်းလော့ရယူရာတွင်

အဆိုပါ Tip & Trick များနဲ့ အလားသဏ္ဍာန်တူညီကြပါတယ်၊ ဒီတော့ လေ့လာနေဆဲ
အခိုက်အတန့်တွင် သမားရိုးကျ လေ့လာဆည်းပူယူတာမျိုးမဟုတ်ပဲ ချိန်ထိုးတွေးဆပြီး
Update New မှားနဲ့ Software Tool များကို အကျိုးရှိရှိအသုံးချတတ်နေဖိုက အခရာကျပါတယ်။


လိုအပ်ချက်များ
========
၁။ Net Framework v3.5

Microsoft Visual C++ 2008 Redistributable Package (x86)
Microsoft Visual C++ 2010 Redistributable Package (x86)

၂။ Phone INFO & Samsung  App

၃။ SamFirm v0.3.5 Tool


အထပ်ပါ လိုအပ်ချက်များဖြင့် ပြည့်စုံပြီးရင်တော့ မိမိအတွက် $ ထိုက်တဲ့
Full Firmware Files များကို အင်တာနက်လိုင်း အပေါ်မူတည်ပြီး
အားအား ရှိတိုင်း ဒေါင်းလော့ရနေဖို့ အသင့်ဖြစ်နေဖို့ပါပဲခင်ဗျား


Net Framework v3.5 ဆိုင်ရာ

Microsoft Visual C++ 2008 Redistributable Package (x86)

Microsoft Visual C++ 2010 Redistributable Package (x86)


Net Framework v3.5 နဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်

Microsoft Visual C++ 2008 Redistributable Package (x86)
Microsoft Visual C++ 2010 Redistributable Package (x86)

အထက်ပါ Package များသည် Windows 32bit များကိုသာ
 Support လုပ်ပေး မှာဖြစ်ပါတယ်။

မိမိကွန်ပျူတာအတွက် ဖြစ်နိုင်ရင် နောက်ဆုံးထွက်ဗားရှင်းကိုသာ
Official Link မှတိုက်ရိုက်ဒေါင်းလော့ရယူပြီး ထည့်သွင်းအသုံးပြုပါ။

ကွန်ပျူတာတွင် အရင် ထည့်သွင်းထားပြီးသားဖြစ်နေလေ့ရှိတတ်တဲ့
Visual C++ 2008 or Visual Studio 2008 များနဲ့ Beta 1, Beta 2 များ
ရှိနေခဲ့ရင်တော့ ထိုအဟောင်းများကို uninstall ပြုလုပ်ပေးပြီးမှာ ထည့်
သွင်းအသုံးပြုပေးရန်လိုအပ်ပါတယ်၊ ဒါက Net Framework များနဲ့
ပတ်သက်ပြီး လက်လှမ်းမှီသလောက် အတွေ့အကြုံလေးတစ်ခုဖြစ်ပါတယ်။


Phone INFO & Samsung  App ဆိုင်ရာ



Phone INFO & Samsung App (Play Store)


Phone INFO & Samsung  App ဆိုတာကို အားလုံးလည်း
သိပြီးဖြစ်ကြမှာပါ Share လုပ်တဲ့ ဘော်ဒါတွေလည်း Share ပြီးပါပြီ။

ဖုန်းကို ကလစ်ရင်းနဲ့ Firmware က Brick ဖြစ်သွားနိုင်ပါတယ်
တကယ်လို့ မိမိဖုန်းရဲ့ Info အပြည့်အစုံကို မသိထားရင်တော့
Region အလွဲများနဲ့ Firmware များကိုထည့်သွင်းမိနေမှာပဲလေ

ဒီတော့ ဖုန်းတစ်လုံးကို ကလစ်တော့မယ်ဆိုရင် အချိန်အနည်းပေးပြီး
Phone INFO & Samsung  App ဖြင့် မိမိဖုန်းရဲ့ Info ကိုအတိအျက
ကြည့်ရှုထားပြီးသင့်ပါတယ်၊ ဒါမှာသာလျှင် လိုအပ်နေတဲ့ဖုန်းအတွက်
Region နဲ့ Model အတိအကျကို လိုက်လံရှာဖွေ ရယူနိုင်ဖို့က 100% နှုန်းပါ။


SamFirm v0.3.5 Tool ဖြင့် ဒေါင်းလော့နည်း



Download Here SamFirm_v0.3.5


အထက်ပါ လိုအပ်ချက်များနဲ့ ပတ်သက်ပြီး အသေးစိတ်
အချက်အလက်များကို နားလည်ပြီးရင်တော့ SamFirm v0.3.5 Tool ဖြင့်
ဒေါင်းလော့ရယူနည်းကို အောက်မှာ လေ့လာကြည့်လိုက်ပါ။

၁။ ပထမဆုံး SamFirm v0.3.5 ကိုအရင်ဒေါင်းလော့ရယူလိုက်ပါ


၂။ ဒေါင်းလောာ့ရယူထားတဲ့ SamFirm v0.3.5 ကို zip ဖြည်လိုက်ပါ။


၃။ ပြီးရင် SamFirm v0.3.5 ဖိုင်ကိုဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်း။


၎။ အောက်ပါပုံအတုင်း Firmware Info Option ရဲ့အောက်တွင်


Model : နေရာတွင် မိမိဖုန်းရဲ့ Model No ကိုထည့်ပေးလိုက်ပါ။

Region : ကိုလည်း မိမိဖုန်းရဲ့ သက်ဆိုင်ရာ နိုင်ငံကို ထည့်ပေးလိုက်ပါ။

(၁) နံပါတ်အတိုင်း Auto နေရာမှာ အမှန်ခြင်းပေးပါ

(၂) Check Update ကိုတစ်ချက်နှိပ်ပေးလိုက်ပါ

(၃) ပုံပါအတိုင်း မိမိဖုန်းအတွက် Official မှ Update Version ကို
ချပေးထားခဲ့ရင်တော့ ဒေါင်းလော့လုပ်ရန်အတွက် Info ကိုချပြပေးလာပါလိမ့်မယ်။

(၄) မိမိဖုန်းအတွက် Update Version ကရရှိနေပြီဆိုရင်တော့
 Download ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။

(၅) Information အားလုံး Verify ဖြစ်ပြီးရင်တော့ လိုင်းအခြေအနေပေါ်
မူတည်ပြီး Full Firmware File ကိုဒေါင်းလော့နေပါလိမ့်မယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်


ဇူးနစ်(နည်းပညာ) 



www.zunite.org


Samsung Galaxy ဖုန်းများအတွက် Full Firmware များကို Samsung Servers မှ Directly လင့်ဖြင့် ဒေါင်းလော့နည်း Reviewed by ဇူးနစ် on 11:14 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.