T-Mobile LG G5 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
T-Mobile LG G5 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader Unlock ပြုလုပ်ရပါမယ်
ပြီးတော့မှ Custom Recovery ထည့်သွင်းရပါမယ်၊ ပြီးတော့မှ
Supersu ဖြင့် နည်းလမ်းကျကျ ထည့်သွင်းပြီး Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
ယခုဖေါ်ပြပါ Custom Recovery သည် Twrp Recovery ပဲဖြစ်ပါတယ်၊
အားလုံးရင်းနှီးလာပြီဖြစ်တဲ့ Twrp Recovery သည် Team Win Open source ကို
အခြေခံပြီးရေးသားထားတာပဲဖြစ်ပါတယ်။
Team အနေဖြင့်တော့ Custom Recovery များအတွက် အဓိကထား
ရေးဆွဲပေးနေတဲ့ လက်ရှိ အရမ်းနာမည်ကြီးနေတဲ့ Developers များဖြစ်ကြပါတယ်။
လိုအပ်ချက်များ
========
၁။ မိမိဖုန်းတွင် Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။
၂။ ဖေါ်ပြပါ Custom Recovery ထည့်သွင်းနည်းသည် LG G5 ဖုန်းအတွက်
သာသီးသန့်ဖြစ်ပါတယ်၊ အခြားသော Devices များအတွက် မဟုတ်ပါ။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။
TWRP Recovery ထည့်သွင်းနည်း
===================
၁။ ဖုန်းကို ပါဝါပိတ်လိုက်ပါ
၂။ Vol up + Down များကိုတွဲနှိပ်ထားပြီး ကွန်ပျူတာဖြင့်ချိန်ဆက်လိုက်ပါ
၃။ ဖုန်းမှာ Download Mode သို့ရောက်သွားတဲ့အထိ
Vol up + Down များကိုတွဲနှိပ်ထားပါ။
၎။ DLL file ကိုဒေါင်းလော့ပြီး Desktop မှာထားပါ
၅။ LGUP tool ကိုဒေါင်းလော့ပြီး Desktop မှာထားပါ
၆။ LGUP Tool ကိုဖွင့်လိုက်ပါ
၇။ TOT file ကိုထပ်ပြီးဒေါင်းလော့ပြီး Desktop မှာထားပါ
၈။ LGUP user interface မှ Upgrade button ကိုတစ်ချက်နှိပ်ပါ။
၉။ TOT File ကိုရွေးချယ်ပေးလိုက်ပါ။
၁၀။ LGUP user interface မှ Start button ကိုနှိပ်ပေးလိုကပါ
၁၁။ TOT file Flashing process ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Custom Recovery ထည့်သွင်းပြီးပါပြီ။
ဇူးနစ်(နည်းပညာ)
T-Mobile LG G5 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
9:36 AM
Rating:

No comments: