Top Ad unit 728 × 90

Description of Image

latest News

recent

Windows 10 တွင် system protection (system restore) ကို enable ပြုလုပ်နည်း


Windows 10 တွင် system protection (system restore) ကို 
enable ပြုလုပ်ထားနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘာကြောင့် Windows 10 တွင် system protection
 (system restore) ကို enable ပြုလုပ်ထားရမှာလဲ?

ဒီမေးခွန်းက မေးသင့်တဲ့ မေးခွန်းလေးပါ၊ အဖြေကတော့ ဒီလိုပါ မိမိကွန်ပျူတာမှာ
ရှိတဲ့ Data များကို Virus အစရှိတဲ့ အခြားသော serious issue တွေကြောင့်
ပြဿနာများ ဖြစ်ပေါ်ခဲ့သည်ရှိသော် Recover ဖြစ်လုပ်ယူနိုင်ရန်အတွက် 
သူ့ထဲပါဝင်နေတဲ့ system protection ကို အကောင်းဆုံး Feature တစ်ခု
အနေဖြင့် အသုံးပြုသင့်တာပဲဖြစ်ပါတယ်။

ဖြစ်ပေါ်နိုင်တဲ့ ပြဿနာများ
==============
၁။ Windows 10 တွင် မကြာခဏ ဆိုသလို System restore က disable ဖြစ်နေခြင်း။

၂။ အသစ်တက်လာတဲ့ Update များကို Upgrade ပြုလုပ်ပြီးတဲ့အခါတိုင်းလည်း 
System restore က သူ့အလိုလို Turn off ဖြစ်နေတတ်ခြင်း။


တကယ်လို့ အထက်ဖေါ်ပြ ပြဿနာများဖြင့် မိမိကွန်ပျူတာတွင် ကြုံတွေနေခဲ့ရင်တော့
Restore points ဖန်တီးဖို့ (သို့) System ပိုင်းကို restore ပြုလုပ်ဖို့ရန်အတွက် မိမိကွန်ပျူတာရှိ
system protection ကို enable & Turn on ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ 


System protectionကို enable ပြုလုပ်နည်း
=======================

၁။ “System” သို့သွားလိုက်ပါ

၂။ အလွယ်ဆုံးသွားနည်းကတော့ Win+Break ဖြင့်သွားလိုက်ပါ။

၃။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ “This Computer” မှာ 
Right -click တစ်ချက်ထောက်ပြီး “Properties” ဆိုတာကို ၀င်လိုက်ပါ။


၎။ အောက်ပါပုံအတိုင်း “System protection” ကိုတစ်ချက်နှိပ်လိုက်ပါ


၅။ ပုံပါအတိုင်း system drive (သို့) Local Disk ကိုရွေးချယ်ပြီး
“Configure” ကိုထပ်နှိပ်လိုက်ပါ၊ (နံပါတ်စဉ်တပ်ပေးထားပါတယ်)


၆။ အောက်ပါပုံအတိုင်း “Turn on system protection” နေရာမှာ 
အမှန်ခြစ်ပေးပြီး Apply >> OK ကိုနှိပ်ပေးလိုက်ပါ။


၇။ မိမိကွန်ပျူတာမှာရှိတဲ့ Data များကို Virus အစရှိတဲ့ အခြားသော serious issue တွေကြောင့်
ပြဿနာများကို Restore points ဖန်တီးဖို့ (သို့) System ပိုင်းကို restore ပြုလုပ်ဖို့ရန်အတွက် 
အကောင်းဆုံး အနေထားဖြစ်နေပါလိမ့်မယ်။




ဇူးနစ်(နည်းပညာ) 



Windows 10 တွင် system protection (system restore) ကို enable ပြုလုပ်နည်း Reviewed by ဇူးနစ် on 10:00 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.