Android N ၏အမည်မှာ Nougat ဖြစ်ကြောင်း Google ထုတ်ပြန်

Google သည် Android N ၏အမည်အတွက် ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒမဲကောက်ယူပြီးနောက် ကြာသပတေးနေ့တွင် တရားဝင်နာမည်ကို ထုတ်ပြန်ခဲ့သည်။
Nougat သည် မဲပေးမှုရေပန်းအစားဆုံး ဖြစ်ခဲ့ပြီးနောက် ပထမဆုံးရွေးချယ်ခံရသည့် အမည်တစ်ခုဖြစ်လာသည်။ ထို့အပြင် သကြားဖြင့်ပြုလုပ်ထားသော မုန့်အမည်များအား Google ၏ မိုဘိုင်း operating system အမည်ပေးသည့် အစဉ်အလာကို ဆက်လက်ဖြစ်ပေါ်စေသည်။
Google ၏ မိုဘိုင်း operating system များကို Cupcake နှင့် Donut အမည်ဖြင့် စတင်ခဲ့သလို Ice Cream Sandwich, Jelly Bean နှင့် KitKat ဟူ၍ အစဉ်အဆက် ခေါ်ဆိုစေခဲ့သည်။
Nutella အနေဖြင့် မျိုးဆက်သစ် Android OS အတွက် အမည်ပေးပြိုင်ပွဲ၌ အနိုင်ရရန် ရေပန်းစားခဲ့သော်လည်း ထင်မှတ်သလို ဖြစ်မလာခဲ့ပေ။
ယခုအခါတွင် လူအချို့က Google ၏ အသစ်ထွက်ရှိလာမည့် OS အမည် O အပေါ် ခန့်မှန်းမှုများပင် ပြုလုပ်နေကြပြီ ဖြစ်သည်။
Google သည် ယခုနှစ်အစောပိုင်းတွင် Android N ၏ feature သစ်အချို့ကို မိတ်ဆက် ပြသခဲ့သည်။ ၎င်းတွင် app များအတွက် spilt-screen view အပြင် interactive သတိပေးချက်များနှင့် စွမ်းအင်သက်သာစေမည့် mode များပါဝင်လာသည်။ ယခုအခါ developer အချို့သည် Nougat အစောပိုင်းဗားရှင်းကို စမ်းသပ်လျက်ရှိပြီး ယခုနှစ်နွေရာသီတွင် ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။
<=== Source from INTERNET Journal ===>
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net
Android N ၏အမည်မှာ Nougat ဖြစ်ကြောင်း Google ထုတ်ပြန်
Reviewed by U Oo Cracker
on
2:13 AM
Rating:
Subscribe to:
Post Comments (Atom)
No comments: