Android မှာလည်း ထွက်ရှိလာပြီဖြစ်တဲ့ Prisma
Android အသုံးပြုသူတွေအတွက် သတင်းကောင်းပါပဲ။ အခုတလော ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ Prisma app ဟာ Android မှာလည်း ထွက်ရှိလာပြီဖြစ်ပါတယ်။
ဓာတ်ပုံတစ်ပုံကို မော်ဒန်အနုပညာလက်ရာမြောက်ပုံတစ်ပုံအဖြစ် ပြောင်းပေးနိုင်တဲ့ filter တွေ အများကြီးပါရှိတဲ့၊ အမိုက်စားအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး၊ iOS မှာထွက်လာတာ ငါးပတ်လောက်ပဲရှိပါသေးတယ်။
ငါးပတ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာ Prisma ဟာ နိုင်ငံပေါင်း ၄၀ ကျော်မှာ ဒေါင်းလုဒ်ဆွဲယူမှုအများဆုံး app အဖြစ် ထိပ်ဆုံးက ဦးဆောင်နေပြီး၊ ဒေါင်းလုဒ်ဆွဲယူမှု ၇.၅ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်အသုံးပြုသူပေါင်းလည်း ၁.၅ သန်းကျော် အထိ ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
အခုအခါ နာမည်ကျော် photo editor app တစ်ခုဖြစ်တဲ့ Prisma ကို Android သမားတွေလည်း အသုံးပြုနိုင်တော့မှာဖြစ်ပြီး၊ ကိုယ့်ဓာတ်ပုံတွေကို မော်ဒန်ပန်းချီကားတစ်ချပ်အဖြစ် အသွင်ပြောင်းနိုင်တော့မှာပါ။
ဒါပေမယ့် Prisma ဟာ Android မှာ Beta အနေနဲ့ပဲ အရင်ထွက်ရှိလာတာဖြစ်ပြီး၊ ဒီနေရာကနေ Prisma Beta ဗားရှင်းကို အစမ်းသုံးဖို့ စာရင်းပေးနိုင်ပါတယ်။ အောက်ဆုံးထိ ဆွဲချပြီး၊ Sign Up for News နေရာမှာ မိမိနာမည်နဲ့ အီးမေးလ်လိပ်စာကို ရေးထည့်ထားရင်၊ Prisma beta app ထွက်ရှိလာတဲ့အခါ၊ စာရင်းပေးထားသူတွေကို invite လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မော်စကိုအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Prisma Labs ရဲ့ ပြောကြားချက်အရ၊ Prisma ကို Google Play Store မှာ ယခုလကုန်လောက် တရားဝင်တင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
iPhone ကိုင်သူတွေအကြားမှာ တရှိန်ထိုးပေါက်ခဲ့သလိုပဲ၊ Android အတွက် တရားဝင်ထွက်လာပြီဆိုရင်လည်း ကြိမ်းသေအောင်မြင်မှာပါ။
Ref: The Next Web
CHAN LAY (MCMM)
www.chanmyaemaung.net/
What's Prisma?
==========ဓာတ်ပုံတစ်ပုံကို မော်ဒန်အနုပညာလက်ရာမြောက်ပုံတစ်ပုံအဖြစ် ပြောင်းပေးနိုင်တဲ့ filter တွေ အများကြီးပါရှိတဲ့၊ အမိုက်စားအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး၊ iOS မှာထွက်လာတာ ငါးပတ်လောက်ပဲရှိပါသေးတယ်။
ငါးပတ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာ Prisma ဟာ နိုင်ငံပေါင်း ၄၀ ကျော်မှာ ဒေါင်းလုဒ်ဆွဲယူမှုအများဆုံး app အဖြစ် ထိပ်ဆုံးက ဦးဆောင်နေပြီး၊ ဒေါင်းလုဒ်ဆွဲယူမှု ၇.၅ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်အသုံးပြုသူပေါင်းလည်း ၁.၅ သန်းကျော် အထိ ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
အခုအခါ နာမည်ကျော် photo editor app တစ်ခုဖြစ်တဲ့ Prisma ကို Android သမားတွေလည်း အသုံးပြုနိုင်တော့မှာဖြစ်ပြီး၊ ကိုယ့်ဓာတ်ပုံတွေကို မော်ဒန်ပန်းချီကားတစ်ချပ်အဖြစ် အသွင်ပြောင်းနိုင်တော့မှာပါ။
ဒါပေမယ့် Prisma ဟာ Android မှာ Beta အနေနဲ့ပဲ အရင်ထွက်ရှိလာတာဖြစ်ပြီး၊ ဒီနေရာကနေ Prisma Beta ဗားရှင်းကို အစမ်းသုံးဖို့ စာရင်းပေးနိုင်ပါတယ်။ အောက်ဆုံးထိ ဆွဲချပြီး၊ Sign Up for News နေရာမှာ မိမိနာမည်နဲ့ အီးမေးလ်လိပ်စာကို ရေးထည့်ထားရင်၊ Prisma beta app ထွက်ရှိလာတဲ့အခါ၊ စာရင်းပေးထားသူတွေကို invite လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မော်စကိုအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Prisma Labs ရဲ့ ပြောကြားချက်အရ၊ Prisma ကို Google Play Store မှာ ယခုလကုန်လောက် တရားဝင်တင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
iPhone ကိုင်သူတွေအကြားမှာ တရှိန်ထိုးပေါက်ခဲ့သလိုပဲ၊ Android အတွက် တရားဝင်ထွက်လာပြီဆိုရင်လည်း ကြိမ်းသေအောင်မြင်မှာပါ။
Ref: The Next Web
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net/
Android မှာလည်း ထွက်ရှိလာပြီဖြစ်တဲ့ Prisma
Reviewed by U Oo Cracker
on
1:50 AM
Rating:

No comments: