Top Ad unit 728 × 90

Description of Image

latest News

recent

တရုတ်စမတ်ဖုန်း ဈေးကွက်တွင် Apple အဆင့် ၅ နေရာသို့ ကျဆင်း

Apple သည် တရုတ်စမတ်ဖုန်းဈေးကွက်တွင် အဆင့် ၅ နေရာသို့ ကျဆင်းသွားခဲ့ကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ Counterpoint Research မှ
 ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် အစောပိုင်းက iPhone ရောင်းချမှု ၁၂ ရာခိုင်နှုန်းရှိခဲ့သည့် Apple သည် မေလတွင် ၁၀.၈ ရာခိုင်နှုန်းသာ ရောင်းချခဲ့ရသည်။ တရုတ်ကုမ္ပဏီ Huawei ၏ ရောင်းအားမှာ မြင့်တက်ခဲ့ပြီး ၁၇.၃ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ပြည်တွင်းအမှတ်တံဆိပ်များဖြစ်သော Huawei, Vivo, Oppo နှင့် Xiaomi တို့သည် တရုတ်နိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်း လေးခုအဖြစ် ရပ်တည်နေပြီး စုစုပေါင်းဈေးကွက်ရှယ်ယာ ၅၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း၊ Oppo ၏ ဈေးကွက်ရှယ်ယာသည် နှစ်ဆနီးပါးရှိလာပြီး ၁၁ ရာခိုင်နှုန်းအထိ ရှိလာကြောင်း Counterpoint သုတေသနဒါရိုက်တာ နေးလ်ရှားက ပြောကြားခဲ့သည်။

Ref: TechInAsia


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
တရုတ်စမတ်ဖုန်း ဈေးကွက်တွင် Apple အဆင့် ၅ နေရာသို့ ကျဆင်း Reviewed by Unknown Cracker on 2:52 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.