Top Ad unit 728 × 90

Description of Image

latest News

recent

Asus Zenfone 2 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

 
Asus Zenfone 2 ဖုန်းကို TWRP Recovery ထည့်သွင်းအသုံး
ပြုချင်နေကြတဲ့ ညီအကိုများအတွက် တင်ပေးလိုက်ပါတယ်။

တကယ်လို့ သင့်ဖုန်း Asus Zenfone 2 ဖုန်းကို Root လုပ်ဖို့
ကြိုးစားနေတယ်ဆိုရင်တော့ ဖုန်းကို Custom Recovery ထည့်
သွင်းထားဖို့တော့ လိုအပ်ပါမည်၊ ဒါကြောင့် ယခုဖေါ်ပြ နည်းလမ်းသည်
ဖုန်းကို Root ဖောက်ရန်အတွက် အထောက်အကူ ပြုမှာဖြစ်လို့
လိုအပ်နေသူများကတော့ အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ။


 လိုအပ်ချက်များ
=========
၁။ ဖေါ်ပြပါ နည်းလမ်းသည် Asus Zenfone 2 ဖုန်းအတွက် ဖြစ်ပါတယ်။
အခြား ဖုန်းများကို ထည့်သွင်းအသုံးပြုခြင်းမျိုးမပြုလုပ်ပါရန်။

၂။ ADB Fastboot zip & TWRP Recovery for Asus Zenfone 2


 ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။









 How to install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး
TWRP file ကို ADB & Fastboot Folder မှာထည့်ထားလိုက်ပါ။

၃။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။


“adb reboot bootloader”



၅။ အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


“fastboot flash recovery recovery.img”

၆။ Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီးပေးပြီး Enter ကိုခေါက်ပါ။


“fastboot reboot”


၇။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။
ဖုန်းကိုပါဝါပိတ်ပါ ပြီးရင် Volume up + power များကိုတွဲနှိပ်လိုက်ပါ
သင့်ဖုန်းမှာ TWRP Recovery ဖြင့် တက်လာပါလိမ့်မယ်။


အဆင်ပြေပါစေ



ဇူးနစ်(နည်းပညာ)



www.zunite.org


Asus Zenfone 2 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 6:02 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.