Asus Zenfone 2 (ZE551ML, ZE550ML) များကို CWM Recovery ထည့်သွင်းပြီး Root လုပ်နည်း
Asus Zenfone 2 (ZE551ML, ZE550ML) များကို Root လုပ်ချင်တဲ့
ညီအကိုတွေအတွက် CWM Recovery ထည့်သွင်းပြီး Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီ Asus Zenfone 2 ဖုန်းတွေအတွက် Root လုပ်ရာတွင် တစ်လုံးနဲ့ တစ်လုံး
မတူညီနိုင်ပါ၊ Auto One Click Root apk များလည်း ရှိသလို၊ Root .bat ဖိုင်
တွေလည်းရှိတတ်ကြပါတယ်၊ Custom Recovery များထည့်သွင်းပြီး
SuperSu.zip ဖိုင်ဖြင့် Root လုပ်ယူရတဲ့ အခါမျိုးလည်း ရှိတတ်ကြပါတယ်။

ဒီတစ်ခါတော့ Asus Zenfone 2 ဖုန်း (ZE551ML, ZE550ML) များကို
CWM Recovery ထည့်သွင်းပြီး SuperSu.zip ဖြင့် Root လုပ်နည်းပါ။
လိုအပ်ချက်များ
=========
၁။ Windows Operating System (PC) ရှိနေရပါမယ်။

၂။ USB Driver ကို ကွန်ပျူတာတွင် ထည့်သွင်းထားရပါမယ်။
၃။ “USB Debugging” ကို Enable ပြုလုပ်ထားပါ။
၎။ ClockWorkMod Recovery for Zenfone 2
၅။ ADB USB Drivers for windows
၆။ Asus Android USB Driver
၇။ Beta Super Su Pro
How to Install CWM Recovery
===================
၁။ လိုအပ်တာများကို အပေါ်မှလင့်များမှဒေါင်းလော့ရယူပါ
၂။ ADB USB Drivers & Asus Android USB Driver များကို ထည့်သွင်းပါ။
၃။ ဒေါင်းလော့ရလာတဲ့ CWM Zip ဖိုင်ကို ဖြည်လိုက်ပါ။
၎။ CWM .bat ဖိုင်ကို Run ပေးလိုက်ပါ၊
၅။ အောက်ပါပုံအတိုင်း T4 ဆိုပြီး ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
၆။ ဖုန်းမှာ သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်။
၇။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ CWM Recovery ထည့်သွင်းပြီးပါပြီ။

SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Asus Zenfone 2 (ZE551ML, ZE550ML) များကို CWM Recovery ထည့်သွင်းပြီး Root လုပ်နည်း
Reviewed by ဇူးနစ်
on
9:12 PM
Rating:

No comments: