အစားအသောက်များပေးပို့နိုင်သည့် စက်ရုပ်ကို အက်စ်စတိုးနီးယားကုမ္ပဏီတစ်ခု တီထွင်
အက်စ်စတိုးနီးယားနိုင်ငံအခြေစိုက် Starship ကုမ္ပဏီသည် အစားအသောက်များ အိမ်တိုင်ရာရောက် ပေးပို့နိုင်မည့် အဝေးထိန်းစက်ရုပ်တစ်မျိုးကို တီထွင်ခဲ့သည်။ အဆိုပါကုမ္ပဏီကို Skype တွဲဖက်တည်ထောင်သူ အာတီဟေးလာနှင့် ဂျန်နစ်ဖရစ်တို့က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစက်ရုပ်သည် Hermes မှအထုပ်များ၊ လက်လီဆိုင် Metro Group မှ ကုန်ပစ္စည်းများ၊ Just Eat နှင့် Pronto မှ အစားအသောက်များကို အိမ်တိုင်ရာရောက် ပေးပို့သွားမည် ဖြစ်သည်။ စက်ရုပ်ကို လန်ဒန်၌ ယခုလတွင် စတင်စမ်းသပ်ပြီးနောက် ဟမ်းဘတ်၊ ဒက်ဆယ်ဒေါ့နှင့် ဘန်းမြို့များတွင် ဆက်လက်စမ်းသပ်သွားမည် ဖြစ်သည်။
ဘီးခြောက်ဘီးပါဝင်သော အဆိုပါစက်ရုပ်များက အလိုအလျောက် မောင်းနှင်နေစဉ် ထိန်းချုပ်ရေးစင်တာမှ လူသားများက ၎င်းစက်ရုပ်များကို လေ့လာစောင့်ကြည့်မည်ဖြစ်သည်။ စက်ရုပ်များသည် လမ်းပေါ်ရှိ လူများကို ခြေရာခံ ရှောင်တိမ်းနိုင်သည်။ နေအိမ်သို့ ပစ္စည်းများ ရောက်ရှိလာပါက ဖုန်းကို tap ပြုလုပ်၍ ကုန်ပစ္စည်းကို ရယူနိုင်မည် ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် ပီဇာစားသောက်ဆိုင် Dominos က ပီဇာပေးပို့နိုင်မည့် စက်ရုပ်များ၏ ရှေ့ပြေးပုံစံကို ပြသခဲ့သလို Amazon ကလည်း ဒရုန်းများဖြင့် ပစ္စည်းများ အိမ်တိုင်ရာရောက်ပေးပို့ရန် စီစဉ်လျက်ရှိသည်။
Ref: CNET
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net
အစားအသောက်များပေးပို့နိုင်သည့် စက်ရုပ်ကို အက်စ်စတိုးနီးယားကုမ္ပဏီတစ်ခု တီထွင်
Reviewed by U Oo Cracker
on
2:55 AM
Rating:

No comments: