Top Ad unit 728 × 90

Description of Image

latest News

recent

Cyanogen C Apps for CM13 (Flashable Package) နဲ့ ထည့်သွင်းနည်း

CM13 based devices များအတွက် Cyanogen C Apps
(Flashable Package) ကိုတွေ့မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Custom Rom များနဲ့ မရင်းနှီးသေးတဲ့ သူတွေကတော့ CM13 ဆိုတာကို
နားလည်ဦးမယ်မထင်ပါ၊ သိပြီးသား နားလည်ပြီးသားသူတွေကတော့
Stock Rom ကမ္ဘာမှ Custom Rom သို့ တစ်ခါတလေ အလည်အပတ်
သွားလာကြမှာဖြစ်တဲ့အတွက် နာမည်ကြီး ဖုန်းများ အတွက် ထွက်ရှိပြီး
CM13 များကို ကြိုက်မှိတ်ပြီး ဒေါင်းလော့ရယူနေမှာပဲဖြစ်ပါတယ်။


စမတ်ဖုန်းများ၏ နောက်ဆုံးထွက် ဗားရှင်း Marshmallow များအတွက်အထူးသဖြင့်
Cm13 and CM12 ကို တင်သုံးနေကြတဲ့ Custom Rom ဘော်ဒါများအတွက်
ယခုတင်ပေးလိုက်တဲ့ C-App package က ဘာတွေ ထောက်ပံ့ပေးမလဲဆိုတော့
theme store, Truecaller integrated dialer, new Gallery app, 
Cyanogen Account manager, များနဲ့ AudioFX equalizer အစရှိတဲ့ 
Custom Rom တစ်ခုအတွက် လိုအပ်မယ့် အရေးကြီးတဲ့ Apps များအားလုံးကို 
Flash ပေးပြီး အလွယ်တကူ ထည့်သွင်းနိုင်မယ့် package installer ဖြစ်ပါတယ်။

Custom Rom များအတွက် အားလုံးရင်းနှီးပြီးသားဖြစ်တာကတော့ Google Gapps ပါပဲ
ဒီ C-App package ကလည်း Google Gapps နဲ့ အလားသဏ္ဍာန်တူညီကြပါတယ်။

ဒီ C-App package ကို မိမိဖုန်းတွင် ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ ဖုန်းမှာ
TWRP Recovery ကို ကြိုတင် ထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းမှာ CM13 & CM12 များထည့်သွင်းရပါမည်။

၂။ Custom Recovery (TWRP) ထည့်သွင်းထားရမည်။

၃။ Cyanogen C Apps for CM13 (Flashable Package)






How to Install C App on CM13
====================
၁။ Cyanogen C-Apps package ကိုဒေါင်းလော့ရယူလိုက်ပါ။

၂။ Cyanogen C-Apps package ကို internal သို့မဟုတ်
 external storage တစ်ခုခုသို့ ကူးထည့်လိုက်ပါ။

၃။ ဖုန်းကို Recovery Mode သို့ဝင်လိုက်ပါ။

၎။ TWRP Recovery menu တွင် “Install Zip” ကိုနှိပ်ပါ။

၅။ ‘Choose Zip from SD card’ ဆိုတာကို ထပ်နှိပ်လိုက်ပါ။

၆။ C-Apps zip file ကို ရွေးချယ်လိုက်ပါ။

၇။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ Flash ပေးလိုက်ပါ။

၈။ Flash Process တစ်ခုပြီးဆုံးအောင် စောင့်နေလိုက်ပါ။

၉။ ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။

၁၀။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ C-Apps zip ကို
အောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။



ဇူးနစ် (နည်းပညာ) 




Cyanogen C Apps for CM13 (Flashable Package) နဲ့ ထည့်သွင်းနည်း Reviewed by ဇူးနစ် on 7:42 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.