Google PlayStore မှာ Update လုပ်မယ့် App တွေရဲ့ ဖိုင်ဆိုက်ကို လျှော့ချပေးတော့မည်
Google ဟာ PlayStore Update အသစ်ဗားရှင်းမှာ ဒေါင်းလုဒ် လုပ်ရမယ့် App ရဲ့ ဖိုင်ဆိုက်အတိအကျကို ဖော်ပြပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်မျိုး ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ Google Playstore ကနေ ဖိုင်ဆိုက်မသိပဲ ဆိုက်အကြီးတွေ မှားယွင်းပြီး ဒေါင်းလုဒ်လုပ်မိတာတွေကို ကာကွယ်နိုင်တော့မှာပါ။
ဖိုင်ဆိုက် 2.91MB သာရှိတဲ့ ဒီဗားရှင်းမှာ ဒေါင်းလုဒ်လုပ်မယ့် App တစ်ခုစီတိုင်းကို တိကျတဲ့ အချက်အလက်အကွက်တစ်ခုနဲ့ ဖော်ပြပေးထားမှာပါ။ ပြီးတော့ ဒီ Update Version မှာ ကိုယ် Update လုပ်ချင်တဲ့ App ကို ဆိုက်ချုံ့ပေးမယ့် အယ်လ်ဂိုရစ်သမ် စနစ်တစ်ခုကိုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။
ဒီစနစ်ဟာ တကယ်လို့ ကိုယ် Update လုပ်ချင်တဲ့ ဖိုင်ကို ဒေါင်းမယ်ဆိုရင် APK ဖိုင်ကိုဒေါင်းစရာမလိုပဲ တကယ်ဒေါင်းဖို့လိုအပ်တဲ့ Update ဖိုင်ဆိုက်ကိုသာ ဒေါင်းရတော့မှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလိုက်တဲ့ ပြောင်းလဲမှု အသစ်ကြောင့် သင့်အနေနဲ့ ဖိုင်အတွက်ရှိပြီးသားကို ထပ်မံဒေါင်းလုဒ်ပြုလုပ်စရာမလိုပဲ Update ဖိုင်ဆိုက်ကို ၅၀ရာခိုင်နှုန်းအထိ လျှော့ချပေးမှာဖြစ်ပါတယ်။
ဒီအယ်လ်ဂိုရစ်သမ်ဟာ 1GB ကနေ 2GB လောက်ထိရှိတဲ့ ဖိုင်ကို ၁၂ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်မှာပါ။ တခြားထူးထူးခြားခြားပြောင်းလဲထားတာကို ထပ်မံမတွေ့ရပေမယ့် ဒီလုပ်ဆောင်ချက်တချို့ကြောင့် ဖုန်းဘေလ်အကုန်အကျများတဲ့ မြန်မာနိုင်ငံအတွက်တော့ အကျိုးပြုစေနိုင်မှာပါ။
Ref: Engadget
CHAN LAY (MCMM)
www.chanmyaemaung.net/

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net/
Google PlayStore မှာ Update လုပ်မယ့် App တွေရဲ့ ဖိုင်ဆိုက်ကို လျှော့ချပေးတော့မည်
Reviewed by U Oo Cracker
on
8:30 AM
Rating:

No comments: