Huawei P9 Lite ဖုန်းဗားရှင်း Android 6.0 Marshmallow Root လုပ်နည်း
Huawei P9 Lite ဖုန်းဗားရှင်း Android 6.0 Marshmallow Root လုပ်ချင်
နေကြတဲ့ညီအကိုတွေအတွက် Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းမှာ Bootloader Unlock ပြုလုပ်ထားရပါမယ်
ပြီးရင် Custom Recovery ကိုထည့်သွင်းထားရပါမယ်၊ အဆိုပါ လိုအပ်ချက်များဖြင့် ပြည့်စုံ
ခဲ့ရင်တော့ ဖုန်းကို UPDATE-SuperSU-v2.76.zip ဖြင့် Flash ပေးပြီး Root လုပ်နိုင်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
၂။ Custom Recovery (TWRP) ထည့်သွင်းထားရပါမည်။
၃။ UPDATE-SuperSU-v2.76.zip
ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Huawei P9 Lite ဖုန်းဗားရှင်း Android 6.0 Marshmallow Root လုပ်နည်း
Reviewed by ဇူးနစ်
on
11:39 AM
Rating:

No comments: