Top Ad unit 728 × 90

Description of Image

latest News

recent

Huawei P9 Plus ဖုန်းကို Rayglobe Android 6.0.1 Custom Rom တင်နည်း


Huawei P9 Plus ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
Rayglobe Android 6.0.1 Custom Rom တင်နည်းကို မျှဝေလိုက်ပါတယ်။

ဒီ Custom Rom မှာ Android 6.0.1 အတွက် Root လုပ်ပြီးသား
ဖြစ်တဲ့အတွက် Firmware တင်ပြီးတဲ့အခါ Root လုပ်ရန်အတွက်
အထူးခေါင်းစားခံနေစရာမလိုတော့ပါ၊ Stock UI များလို ads ကြော်ငြာ
များလည်း မပါဝင်တော့သလို Overseas users များအတွက်
Huawei ID များကို Hack ပြုလုပ်ထားပြီးသားလည်း ဖြစ်ပါတယ်။


    လိုအပ်ချက်များ
========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ပြီးသားဖြစ်နေရပါမယ်။

၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၃။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၎။ ဘက်ထရီအားသည် အနည်းဆုံး  70% ရာခိုင်နှုန်းရှိရပါမည်။

၅။ Rayglobe.zip File ကိုဒေါင်းလော့ရယူပါ


 ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

Features

    Based off latest AL10 firmware (B176)
    4-in-1 Reboot Menu
    Pre-Rooted with SuperSU
    KangVIP Tools (K-settings)
    No ads
    DPI Changer in K-Settings
    Xposed
    Hacked Huawei ID for overseas users
    Viper with preinstalled drivers
    And Much More


Download Rayglobe For Huawei P9 Plus



 Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ

 ၃။ Rayglobe.zip File ကိုဒေါင်းလော့ရယူပြီး SD Card သို့
Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Rayglobe.zip File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Custom ROM လေးလန်းနေပါလိမ့်မယ်။



ဇူးနစ်(နည်းပညာ)


www.zunite.org



Huawei P9 Plus ဖုန်းကို Rayglobe Android 6.0.1 Custom Rom တင်နည်း Reviewed by ဇူးနစ် on 9:47 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.