Top Ad unit 728 × 90

Description of Image

latest News

recent

ကလုန်းဆိုက်တစ်ခုနဲ့ ပြန်ပွင့်လာတဲ့ Kickass Torrent



ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကမ္ဘာအကြီးဆုံး Pirate ဆိုက်တစ်ခုဖြစ်တဲ့ Kickass Torrent ပိုင်ရှင်ဖမ်းဆီးခံရပြီး ဝက်ဘ်ဆိုက်ဖြစ်တဲ့ ဒိုမိန်း ၇ခုနဲ့ Kickass Torrent ဆိုက်တစ်ခုလုံးလဲ ဖျက်သိမ်းခံလိုက်ရတာ အားလုံးလဲသိကြမှာပါ။ အမေရိကန်တရားရေးဌာနက အလိုရှိခဲ့ပြီး FBI ကဦးဆောင်ဖမ်းဆီးခဲ့တဲ့ ပိုလန်နိုင်ငံသား Artem Vaulin ဟာ နောက်ထပ် တူညီတဲ့ ကလုန်းဝက်ဘ်ဆိုက်တစ်ခုကိုလည်း ပြုလုပ်ထားခဲ့ပါတယ်။

The Verge မှာ ဖော်ပြထားတဲ့ သတင်းအရ နောက်ထပ်ဝက်ဘ်ဆိုက်တစ်ခုကို KAT.am  ဆိုတဲ့ ဒိုမိန်းနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်ဝင်ကြည့်ပြီး ရှာကြည့်တဲ့ ရလဒ်အရ အရင်က ဆိုက်လောက်မစုံတော့ပေမယ့် ဒေတာတော်တော်စုံတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက နာမည်ကြီး Pirate ဆိုက်တစ်ခုဖြစ်တဲ့ Pirate Bay ကို ဆွီဒင်ရဲတွေ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ယခုဖမ်းဆီးမှုဟာ အကြီးမားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Vaulin ဟာ တရားမဝင် ကော်ပီ ရုပ်ရှင်၊ သီချင်း၊ ဂိမ်းနဲ့ တခြားအရာတွေကို ဖန်တီးပြုလုပ်မှုနဲ့ ဒေါ်လာ ၁ဘီလျံနီးပါးအမြတ်အစွန်းရရှိခဲ့ပါတယ်။

Ref: Gadgets 360


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net/
ကလုန်းဆိုက်တစ်ခုနဲ့ ပြန်ပွင့်လာတဲ့ Kickass Torrent Reviewed by Unknown Cracker on 8:30 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.