LeTV 1s X507 ဖုန်းကို Lollipop v5.0 Stock Firmware တင်နည်း
LeTV 1s X507 ဖုန်းကို Lollipop v5.0 Stock Firmware တင်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Lollipop v5.0 Stock Rom က 19.July.2016 ရက်နေ့မှာ
ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်၊ MTK Deivce ဖြစ်တာမို့ Flash Tool ဖြင့်
Firmware ရေယူရမှာဖြစ်ပါတယ်၊ ဖိုင် Size 1.2GB ရှိပါတယ်။

LeTV 1s X507 Firmware Details
Android Version:- Lollipop v5.0
LeTV 1s :- X507
Status :- Official
Region :- India
Release Date :- 19.July.2016
Type :- “.Zip” File & Tool.
Size :- 1.2GB
Android Version:- Lollipop v5.0
LeTV 1s :- X507
Status :- Official
Region :- India
Release Date :- 19.July.2016
Type :- “.Zip” File & Tool.
Size :- 1.2GB
Firmware ရေးသားနည်း
===============
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် MTK Device ဆိုင်ရာ
USB Driver များကို အဆင်ပြေအောင်ထည့်သွင်းထားပါ။
၂။ SP Flash Tool မှ အသုံးပြုလိုတဲ့ ဗားရှင်း တစ်ခုခု ကိုဖွင့်လိုက်ပါ
၂။ Scatter File ကိုတစ်ချက်နှိပ်ပြီး Firmware Scatter file ရွေးချယ်ပါ
၃။ Flash Tool မှ Download Only ဆိုတာကိုနှိပ်ပြီး ဖုန်းကိုကွန်ပျူတာဖြင့်
ချိတ်ဆက်လိုက်ပါ Battery ဖြုတ်လို့ရတဲ့ အလုံးဆိုရင်တော့
USB Cable ကြိုးကို အရင်ထိုးပြီးမှ Battery ကိုတပ်လိုက်ပါ၊
၎။ Battery ဖြုတ်မရတဲ့အလုံးဆိုရင်တော့ဖြုတ်နေစရာကလိုမပါ
USB Cable ကြိုးကိုအရင်ထိုးပြီး ပါဝါခလုပ်ကို ဖိနှိပ်ပေးလိုက်ရုံပါပဲ
၅။ Flash Tool မှ Download Only ဖြင့် တင်ယူလို့အဆင်မပြေရင်တော့
ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ထားမှုကို ပြန်ဖြုတ်ပြီး Download Only နေရာမှာ
Firmware Upgrade ဆိုတာကို ပြောင်းတင်ပေးလိုက်ပါ။
၆။ နောက်ဆုံး Download Only လည်းမတက် Firmware Upgrade ဖြင့်လည်း
မတက်ဘူးဆိုရင်တော့ အဲဒီဖုန်းမှာ နဂိုရှိနေတဲ့ Firmware ကို Format ချပေးပြီး
တင်ယူတဲ့ပုံစုံမျိုးဖြင့် စနစ်ဖြင့် Formal All + Download ဆိုတာကို နှိပ်ပြီးတင်ယူနိုင်ပါတယ်။
၇။။ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ Firmware ရေး
သွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ အစိမ်းရောင်ဖြင့်
OK ဆိုပြီး ပြနေရင် Firmware ရေးသားခြင်း အောင်မြင်ပါပြီ။

Reviewed by ဇူးနစ်
on
6:57 PM
Rating:

No comments: