Top Ad unit 728 × 90

Description of Image

latest News

recent

OnePlus 3 ဖုန်းကို OxygenOS 3.2.1 တင်နည်း (OTA + Full ROM)

OnePlus 3 ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက် JULY 7, 2016 ရက်နေ့
 ထွက်ရှိလာတဲ့ OxygenOS 3.2.1 ကို တင်သုံးချင်တယ်ဆိုရင်တော့ Root လုပ်ထားတဲ့ 
user တွေအတွက်ရော့ Root မလုပ်ရသေးတဲ့ user တွေအတွက်ရော့ ဒီဖုန်းအတွက် 
OxygenOS 3.2.1 (OTA + Full ROM) တင်နည်းကို မျှဝေလိုက်ပါတယ်။


တကယ်တော့ ဒီဖုန်းအတွက် OxygenOS 3.2.1 က ဖုန်းမှာတင်
(over-the-air) စနစ်ဖြင့် wi-if ကောင်းနေရင် Software Update ပြုလုပ်ပြီး
အလွယ်တကူ Upgrade ပြုလုပ်ယူနိုင်တဲ့ Official ၏ (OTA + Full ROM) ဖြစ်ပါတယ်။
လူကြိုက်များနေတဲ့ OxygenOS 3.2.1 Rom မှာတော့ Changelogs များနဲ့
အလန်းဇယား Features ပါဝင်လာတာကို တွေ့မြင်ကြမှာလည်း ဖြစ်ပါတယ်။


Changelogs and Features of OxygenOS 3.2.1
===========================

Fixed some notification issues

Addressed SIM recognition issue

Enabled sRGB mode in developer options

Improved RAM management

Improved GPS performance

Enhanced audio playback quality

Updated custom icon packs

Improved camera quality/functionality

Fixed some issues in Gallery

Implemented latest Google security patches

Fixed bugs in Clock/Music apps


မှတ်ချက်
=====
၁။ ဖေါ်ပြပါ နည်းလမ်းသည် OnePlus 3 ဖုန်းအတွက် သီးသန့်ဖြစ်ပါတယ်။
 
၂။ (Instruction) လမ်းညွှန်အတိုင်း သေချာအောင်ပြုလုပ်လိုက်ပါ၊
 
၃။ သင့်ဖုန်းက hardware or software တစ်ခုခုအတွက် Damage ဖြစ်ခဲ့ရင်တော့
ဇူးနစ်(နည်းပညာ)မှ တာဝန်ယူပြီး ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ပါ။
 
၎။ ဖုန်းဘက်ထရီအား အနည်းဆုံး 75% ရှိနေရပါမည်။
 
၅။။ Update process မပြုလုပ်မှီ Recommend ပေးချင်တာကတော့
အရေးကြီးတဲ့ Data & Rom များကို Backup ပြုလုပ်ထားလိုက်ပါ။



Download OxygenOS 3.2.1 for OnePlus 3


OxygenOS 3.2.0 to OxygenOS 3.2.1 – Download (15MB)

OxygenOS  3.2.1 Full ROM for OnePlus 3 – Download (1.2GB)











Oxygen OS 3.2.1 ROM တင်နည်း (Non Rooted Users)
===============================
၁။ ဖုန်းမှာ ‘USB debugging’ ကို Enable ပြုလုပ်ထားပါ။

၂။  ADB and fastboot နှင့် Driver ကိုဒေါင်းလော့ရယူပြီး၊
ကွန်ပျူတာတွင် လိုအပ်မည့် Driver ကို Install ပြုလုပ်ထားပါ။

၃။ ဒေါင်းလော့ရလာတဲ့ OxygenOS 3.2.1 Rom ကို
zip ဖြည်ထားတဲ့ adb folder ထဲမှာထားပါ။

၎။ ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။

၅။ Install from ADB Sideload ဆိုတာကို နှိပ်လိုက်ပါ။

၆။ ဖုန်းနဲ့ ကွန်ပျူတာကို USB Cable ဖြင့် ချိတ်ဆက်လိုက်ပါ။

၇။ ဇစ်ဖြည်ထားတဲ့ Marshmallow Folder မှာ shift+right click တစ်ချက်
ထောက်ပြီး open command here ဆိုတာကို နှိပ်လိုက်ပါ။

၈။ ဒီတစ်ခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှုကို စမ်းသပ်လိုက်ါ။

adb devices

၉။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတယ်ဆိုရင်တော့
အောက်ပါ Command များကို ရိုက်ထည့်ပေးပြီး Flash ပေးလိုက်ပါ။

adb sideload File_Name.zip

(File_Name နေရာတွင် မိမိတင်ယူမည့်
Marshmallow Beta ROM ရဲ့ နာမည် ဖြစ်ပါတယ်)


၁၀။ Flash Process တစ်ခုပြီးတဲ့အထိ စောင့်နေလိုက်ပါ
အားလုံးပြီးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ ၅ မိနစ်လောက်ကြာနိုင်ပါတယ်။







Oxygen OS 3.2.1 ROM တင်နည်း (Rooted Users)
============================
၁။ ဖုန်းမှာ TWRP Recovery ထည့်သွင်းခြင်းကို သေချာအောင်ပြုလုပ်ထားပါ
ဒီအတွက် အသင့် မထည့်သွင်းထားသေးရင်တော့ အောက်ကလင့်မှာကြည့်လိုက်ပါ။

၂။ OxygenOS 3.2.1 zip ကိုဒေါင်းလော့ရယူလိုက်ပြီး၊
ဖုန်း၏ internal memory သို့ ကူးထည့်ပေးလိုက်ပါ။

၃။ ဖုန်းကို Recovery Mode (TWRP) သို့ဝင်လိုက်ပါ။
(ဖုန်းကို Nandroid backup ပြုလုပ်ထားလိုက်ပါ)

၎။ Wipe > Advance Wipe > တို့မှ Dalvik and Cache များကိုရှင်းထုပ်လိုက်ပါ။

၅။ Menu သို့ပြန်လာခဲ့လိုက်ပါ ပြီးရင် OxygenOS 3.2.1 Rom ကိုရွေးချယ်လိုက်ပါ။

၆။ အားလုံးအသင့်ဖြစ်ပြီးရင်တော့ Rom ကို Flash ပြုလုပ်လိုက်ပါ၊
ပြီးသွားတဲ့အခါ Dalvik and Cache ကို ထပ်မံရှင်းထုတ်ပေးလိုက်ပါ။

၇။ SuperSU ဖိုင်ကိုလည်း နည်းတူ Flash ပေးလိုက်ပါ။

၈။ Process ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ၊
ပြန်တက်လာတဲ့အခါ သင့်ဖုန်း OnePlus 3 မှာ Oxygen OS 3.2.1 ကို
Rooted Users အနေဖြင့် အောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။




ဇူးနစ်(နည်းပညာ)






OnePlus 3 ဖုန်းကို OxygenOS 3.2.1 တင်နည်း (OTA + Full ROM) Reviewed by ဇူးနစ် on 12:01 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.